15(unicode)

2.3K 194 0
                                    

အရှင်(master)
အပိုင်း-၁၅

byunနန်းတော်ထဲကအလှမွေးငါးကန်ကြီးရဲ့ဘေးနားကကျောက်ခုံလေးမှာထိုင်နေသည်။အရောင်အသွေးစုံလင်လှသည့်ငါးတွေဟာကန်ရေပြင်ထဲမှာကူးခတ်ရင်းနဲ့အလုပ်တွေရှုပ်နေကြသည်။သူတို့မှာဒီအလုပ်ပဲရှိတာကိုး……။ငါးလေးတွေရေအောက်ကနေကူးသွားတဲ့အခါမသိမသာလေးရိုက်ခတ်သွားတဲ့ကန်ရေပြင်ဟာသေးငယ်သောလှိုင်းလုံးလေးတွေဖြစ်စေသည်။သူတို့အသက်ရှုချင်လို့ရေပြင်ပေါ်တက်လာတဲ့အခါမှာညီညာသောရေမျက်နှာပြင်ဟာစက်ဝိုင်းပုံလှိုင်းအတွန့်လေးတွေကိုဖြစ်စေသည်။သူတို့ဘယ်နေရာမှာပဲနေနေပါစေကန်ရေပြင်ဟာငြိမ်သက်သွားခြင်းမရှိဘဲလှိုင်းလုံးလေးတွေနဲ့ပြည့်နေလျက်ရှိသည်။

byun pov~

ရေအောက်ကနီရဲရဲငါးလေးတွေဟာနန်းတော်ရဲ့ရေကန်လေးထဲမှာပျော်ရွှင်နေကြမယ်လို့ထင်မိလား?အမှန်တာ့သူတို့ဟာမပျော်ရွှင်နိုင်ဘူး။ဘာကြောင့်လို့ထင်လဲ?ဒီကန်ရေပြင်ထက်ကျယ်တဲ့အင်းတွေ၊အိုင်တွေ၊မြစ်တွေ၊ချောင်းတွေကိုတွေ့သွားတဲ့အခါမှာသူတို့နေခဲ့တဲ့ကျဉ်းမြောင်းလှတဲ့ကန်ရေပြင်လေးကိုစိတ်ပျက်သွားကြလိမ့်မယ်။အဲ့လိုပဲပင်လယ်တွေသမုဒ္ဒရာတွေကိုတွေ့တဲ့အချိန်မှာလည်းသူတို့ဟာအဲ့နေရာတွေမှာထပ်ပြီးနေချင်ကြလိမ့်မယ်။အဲ့ဒီထက်ကျယ်ပြောတဲ့နေရာတွေ့လည်းနေချင်ကြမှာပဲနော်…။

လူတွေရဲ့စိတ်လဲအဲ့လိုပဲထင်ပါရဲ့။အရှင့်ရဲ့ဂရုစိုက်မှုကိုဒီထက်ပိုပြီးလိုချင်လာမိတယ်။အစကတည်းကပေးဆပ်ခြင်းနဲ့ပဲချစ်ဖို့စဉ်းစားခဲ့ပေမဲ့အခုတော့နဲနဲလေးအတ္တဆန်ချင်လာတယ်။မိဖုရားလတ်လောက်မချစ်နိုင်ရင်တောင်သူ့ထက်မနည်းတဲ့အချစ်မျိုးနဲ့ပြန်ချစ်စေချင်တယ်။ကိုယ်ကသူ့ရဲ့နောက်ဆုံးလက်တွဲဖေါ်ပါလို့တွေးထားတဲ့အချိန်မှာနောက်ထပ်တစ်ယောက်ထပ်ယူခြင်းကိုbyunချက်ချင်းလက်မခံနိုင်ခဲ့ဘူး။ဒါပေမဲ့လဲသူ့မှာဝင်ပြောပိုင်ခွင့်မရှိခဲ့ဘူး။

*အရှင်ဟာ……အရှင်မို့လို့လေ*

shin ya:အိမ်ရှေ့စံ

byun shin yaရဲ့ခေါ်သံကြောင့်ပါးပြင်မှာစိုနေဆဲဖြစ်တဲ့မျက်ရည်စတွေကိုလက်ခုံနဲ့ပွတ်လိုက်ပြီး

အရွင္(master)Where stories live. Discover now