အရှင်(master)
အပိုင်း-၅၆သုံးနှစ်ခန့်ကြာသော်
'ဂိုလျောနိုင်ပြီ!!!.........ဂိုလျောနိုင်ပြီ!!!'
ဟန်နိုင်ငံရဲ့ နန်းတော်ထဲမှထွက်ပေါ်လာသော ကျုံးဝါးသံတွေ၊အောင်မြင်သောကြောင့် ဂုဏ်ဆာသောဟစ်ကြွေးသံတို့မှာ ဟန်နိုင်ငံရဲ့မြို့တော်မှတစ်ဆင့်
ဟန်နိုင်ငံတစ်နိုင်လုံး၊ထိုမှတစ်ဆင့်
ချီနိုင်ငံနဲ့ဂိုလျောအပြင် တခြားသောနိုင်ငံတိုင်းပြည်တွေအသီးသီးဆီ
ပျံ့နှံ့ရောက်ရှိသွားသည်။မင်းကြီးparkသည် ဟန်နိုင်ငံကိုသိမ်းပိုက်နိုင်ရုံတင်မကဘဲ ဘယ်ချိန်ကတည်းက ရည်မှန်းထားသောရည်မှန်းချက်တို့မှန်းမသိပေမဲ့ အမိန့်စာတစ်စောင်ကြောင့် မွန်ဂိုတွေအပါအဝင် စုန့်နိုင်ငံနဲ့ တခြားသော အိမ်နီးချင်းတိုင်းပြည်ငယ်တွေဟာ အလိုအလျောက်အညံ့ခံလာကြသည်။နဲနဲအလှမ်းဝေးဝေးမှာရှိနေသောနိုင်ငံနဲ့တိုင်းပြည်တွေက မဟာမိတ်ဖွဲကြသည်။နောက်ဆုံးတော့ မင်းကြီးparkတည်ထောင်ချင်တဲ့ ဂိုလျောဧကရာဇ်နိုင်ငံကို
တည်ထောင်နိုင်တော့မည်ဖြစ်သည်။park:ဟန်မင်းကြီးကိုသတ်ပြီးမိသားစုဝင်တွေကိုဂိုလျောကိုပ့ိုလိုက်
kai:အမိန့်အတိုင်းဆောင်ရွက်လိုက်ပါ့မယ်မင်းကြီး
park:ဘာပြောစရာရှိသေးလဲbyun
မင်းကြီးpark သံချပ်ကာဝတ်ထားသောbyunကို လှည့်ကြည့်ပြီးမေးလိုက်သည်။byunက သံချပ်ကာသေးသေးလေးဝတ်ထားသော chanbaeလေးကို လက်ဆွဲပြီးအနောက်မှာ ရပ်နေသည်။
၈နှစ်ထဲရောက်နေပြီဖြစ်တဲ့chanbaeသည် byunအရပ်ကိုတောင် မီတော့မည်။မင်းကြီးparkကဲ့သို့
ထက်မြက်ပြီးစူးရှတဲ့ မျက်လုံးကိုပိုင်ဆိုင်ထားသည်။မျက်နှာလေးကချစ်ဖို့ကောင်းပြီး ချောရက်သလောက်လူရှိန်သည်။အမိန့်ပေးလျှင် ပြတ်သားလွန်းသည်။သူ့ခမည်းတော်နဲ့byunစကားကလွဲရင် ကျန်တဲ့သူတွေပြောတဲ့စကားကို နဲနဲလေးအထွန့်တက်လိုက်ရမှကျေနပ်သူလေး။sehunနဲ့လည်း တကျက်ကျက်။အခုထိ Luhanကို sehunဆီကလုတုန်း။xiuminကိုကျတော့ အရမ်းနိုင်သည်။အဲ့တော့ chenနဲ့သူနဲ့က လုံးမတည့်ပေ။သူတည့်တာကkai။kaiရဲ့နတ်ဆရာလေးကို လွမ်းဆွေးလွန်းတဲ့အကြောင်းပြောတုန်း အပြစ်သင့်မယ်ဆိုပြီး
တွေးချိန်မရအောင် တစ်ခုမဟုတ်တစ်ခုလုပ်ခိုင်း၊သူ့ကိုသိုင်းပညာသင်ခိုင်းလိုက်နဲ့ kaiမှာ နတ်ဆရာdoကို ကောင်းကောင်းမလွမ်းရပေ။အတွဲတွေကြားထဲမှာ ဖျက်လိုဖျက်စီးလုပ်နေတဲ့chanbaeလေးသည် သူ့ခမည်းတော်ဆိုရင်တော့ အလိုက်သိလွန်းသည်။
YOU ARE READING
အရှင်(master)
Fanfictionbyunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... byunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... by အရွင္(master) #c...