23(unicode)

2.3K 192 0
                                    

အရှင်(master)
အပိုင်း-၂၃

တောက်ပသောနေရောင်၊မိုးမရွာသေးတာကြောင့် အဝါရောင်ဖြစ်နေဲသော မြက်ခင်းပြင်ပေါ်မှာ မြင်းကိုပျံလွှားကာ စီးနှင်နေသောလူသားနှစ်ဦးရှိသည်။ထိုသူတွေကားမင်းကြီးparkနှင့်ကိုယ်လုပ်တော်byun

မြင်းရဲ့လှုပ်ရှားမှုတိုင်းမှာ byunရဲ့ကျောပြင်ဟာ မင်းကြီးparkရဲ့ရင်အုပ်ကျယ်ကြီးကို သွားရိုက်ခတ်မိသည်။မြင်းမောင်းရတာကြောင့် အနည်းငယ်မောပန်းနေသော မင်းကြီးparkရဲ့ အသက်ရှုသံတို့ဟာ byunရဲ့လည်ပင်းနဲ့နားတစ်ဝိုက်ကို ရိုက်ခတ်နေသည်။တစ်ချက်တစ်ချက် နမ်းတောင်နမ်းမိသွားသည်။တမင်အသားယူချင်လို့များ မြင်းကိုအကြမ်းပတမ်းနှင်နေတာလားလို့တောင် byunတွေးလိုက်မိသည်။ကိုယ်ရံတော်တပ်ဖွဲ့တောင် ဘယ်နားပြတ်ကျန်ခဲ့မှန်းမသိ………

park:ကိုယ်byunနဲ့အတူဒီလိုမျိုးမြင်စီးပြီးဟိုးအဝေးကြီးကိုထွက်သွားချင်တာ

မင်းကြီးparkစကားကြောင့် byunသူ့ရင်ခွင်ထဲကနေ မော့ကြည့်လိုက်သည်။

byun:တကယ်ထွက်သွားချင်တာလား

park:စိတ်ကူးသက်သက်ပါ။လက်တွေ့မှာတော့လုပ်နိုင်မယ်မထင်ဘူး

byun:ဘာလို့လဲ

park:ကိုယ်……ဂိုလျောရဲ့ထီးနန်းကိုမစွန့်လွှတ်နိုင်ဘူး

မင်းကြီးparkစကားကြောင့် byunစိတ်မောသွားရသည်။အာဏာသည် လူတစ်ယောက်ရဲ့စိတ်က ိုရိုင်းစိုင်းစေတတ်သည်မဟုတ်ပါလား…။

byunဘာမှပြန်မပြောတော့ဘဲ အရှေ့ကလမ်းခရီးကိုသာ ကြည့်နေလိုက်သည်။ရွှေဝါရောင်သမ်းနေသော မြက်ခင်းပြင်ရဲ့အဆုံးမှာ စိမ်းလန်းနေတဲ့တောအုပ်တွေနဲ့အတူ အနိမ့်အမြင့်မတူညီတဲ့ တောင်တန်းတွေရှိနေသည်။သဘာဝတရားသည် တည်မြဲမှုမရှိ။ဖြစ်ပြီးရင် ပျက်တတ်သည်။ဒီတောင်တန်းဟာလည်း တစ်နေ့နေ့တစ်ချိန်ချိန်မှာပြိုပျက် ပျက်စီးသွားနိုင်သလို သစ်တောဆိုတာလည်း တစ်ချိန်ချိန်မှာ ပျောက်ကွယ်သွားနိုင်သည်။

လူဆိုသည်မှာလည်း တစ်နေ့သေရမည်။ထီးနန်းဆိုတဲ့အရာဟာလည်း အမြဲတစေရှိနေနိုင်ပေမဲ့ ထီးနန်းရဲ့ပိုင်ရှင်ကတော့ အမြဲတမ်းပြောင်းလဲနိုင်သည်။တစ်နေ့နေ့တစ်ချိန်ချိန်ကျရင်တော့ တစ်ယောက်ယောက်ကိုလွဲှပေးရမှာပဲလေ။

အရွင္(master)Donde viven las historias. Descúbrelo ahora