38(unicode)

2K 141 1
                                    

အရှင်(master)
အပိုင်း-၃၈

ဂိုလျောနယ်စပ်ရဲ့ဂိုမာခံတပ်

ဂင်ဂျုံးဂု:ချီနိုင်ငံရဲ့ပြည်တွင်းစစ်ကသုံးပိုင်းကွဲနေပါတယ်မင်းကြီး။လောလောဆယ်နယ်စပ်ဒေသတွေနဲ့ပြည်သူတွေတော်တော်များများရဲ့ထောက်ခံမှုရရှိထားတဲ့ကျန်းရီဒေသကိုအရင်ဦးဆုံးတိုက်ရပါ့မယ်မင်းကြီး

မင်းကြီးparkတောင်တန်းတွေမြေပြန့်တွေမြစ်ချောင်းတွေအတိုင်းပုံတူထုလုပ်ထားသောမြေပုံကိုကြည့်နေရင်းစစ်သူကြီးဂင်ဂျုံးဂုရဲ့အကြံကိုနားထောင်နေသည်။

park:ကျန်းရီ?

ဂင်ဂျုံးဂု:ဟုတ်ပါတယ်မင်းကြီး။ကျန်းရီမြို့စားက မျိုးရိုးစဉ်ဆက်အုပ်ချုပ်လာတာဖြစ်တဲ့အပြင် တရားမျှတတဲ့နည်းလမ်းကိုသုံးပြီး ခေါင်းပုံဖြတ်စားနေတဲ့လူတွေဆီကနေ ပြည်သူတွေတော်တော်များများကို ကယ်တင်ပေးထားပါတယ်။နောက်ပြီးတော့ သူ့ရဲ့စစ်တပ်ကလည်း ဂိုလျော ပင်မတပ်ဖွဲ့ရဲ့ သုံးချိုးနှစ်ချိုးလောက်ရှိပါတယ်။စားနပ်ရိက္ခာလည်း အလုံအလောက်ရှိတဲ့အပြင် လိုအပ်ရင်လိုအပ်သလိုသုံးလို့ရအောင် ပြည်သူတွေထဲက အသက်၂၀ပြည့်ပြီးတဲ့သူတွေအားလုံးကို စစ်ရေးလေ့ကျင့်ခိုင်းထားပါတယ်။ကျန်းရီဒေသက ချမ်းသာတဲ့အပြင် မြေဆီလွှာလည်းကောင်းတယ်။ပြီးတော့ သူတို့ရဲ့အုပ်ချုပ်မှုစနစ်ကြောင့် နယ်စပ်ဒေသကိုလည်း တော်တော်လေးကာကွယ်ထားနိုင်တာကြောင့် ချီမင်းကြီးက သူတို့ကိုဘာမှသိပ်ပြီးအပြစ်ယူတာမျိုးမရှိတာပါ

park:ချမ်းသာတယ်တဲ့လား?ပြီးတော့မြေဆီလွှာကောင်းတယ်။ပြည်သူတွေထဲမှာလည်းလိုအပ်ရင်လိုအပ်သလိုသုံးနိုင်မဲ့စစ်သည်မျိုးရှိတယ်။အဲ့ဒါအပြင်ပင်မတပ်ဖွဲ့နီးနီးရှိတဲ့စစ်တပ်ကိုပိုင်ဆိုင်ထားတယ်

မင်းကြီးparkရေရွတ်ရင်းတစ်ခုခုကိုတွေးတောနေဟန်စားပွဲကိုလက်ညှိုးဖြင့်တတောက်တောက်ခေါက်နေလိုက်သည်။

park:ငါတို့ပင်မတပ်ဖွဲ့ကပဲနည်းတာလား။သူတို့ကများလွန်းနေတာလား

ဂင်ဂျုံးဂု:သူတို့ကများလွန်းနေတာပါမင်းကြီး။ခုနကပြောသလိုပဲပြည်သူတွေကိုအချိုသပ်စည်းရုံးထားတော့……

အရွင္(master)Donde viven las historias. Descúbrelo ahora