အရှင်(master)
အပိုင်း-၁၂sehunနဲ့Luhanတို့မိုးလင်းတာနဲ့စခန်းကိုထွက်ခဲ့ကြသည်။
'ဟီး.........ဟီးးး'
kai:အိမ်ရှေ့စံရောက်လာပါပြီလား
se:အင်း
kai:မနေ့ကမရောက်လာတော့စိတ်ပူနေတာ။အခုပဲမင်းကြီးဆီသွားပြောတော့မလို့
se:မနေ့ကကိစ္စလေးရှိလို့ပါ
kai:ဟုတ်ကဲ့။အဲ့ဒါဆိုရင်နားပါဦး
se:ရတယ်။မနားတော့ဘူး
kai:ဒါဆိုလေ့ကျင့်ရေးကွင်းကိုလိုက်ပြပါ့မယ်
sehun kaiကိုခေါင်းငြိမ့်ပြလိုက်ပြီး
se:ကိုယ်လုပ်တော်hanကိုအခန်းထဲလိုက်ပို့ပေးလိုက်
'ဟုတ်ကဲ့။ဒီဘက်ကိုကြွပါ'
Luhanယောကျာ်းလေးလိုဝတ်ထားသည့်မိန်းကလေးတစ်ယောက်ရဲ့လမ်းပြမှုနောက်ကနေလိုက်သွားခဲ့သည်။
Lu pov:မိန်းကလေးပါလား
Luhanသွားရင်း တပ်စခန်းကလေ့ကျင့်နေတဲ့သူတွေကိုကြည့်လိုက်တော့အားလုံးကအနီနဲ့အနက်ရောင်စပ်ထားတဲ့စစ်လေ့ကျင့်ရေးဝတ်စုံကိုဝတ်ထားကြသည်။လေ့ကျင့်သင်ကြားပေးနေတဲ့သူကလဲမိန်းကလေးတစ်ယောက်ပင်......။
Lu pov:မိန်းကလေးစစ်လေ့ကျင့်စခန်း။လေ့ကျင့်ပေးနေတာကbyunနိုင်ငံကမိန်းကလေးစစ်သူကြီးပဲ
Luhanလေ့ကျင့်ရေးကွင်းကိုနေရာနှံ့အောင်လျှောက်ကြည့်လိုက်သည်။အင်အား၁၀၀၀ခန့်လောက်ရှိသော မိန်းကလေးစစ်လေ့ကျင့်ရေးစခန်းမှာနေရာမျိုးစုံခွဲထားသည်။တောင်ထိပ်လိုနေရာမျိုးမှာစခန်းတည်ထားတဲ့အပြင်တခြားသောတောင်တွေမှာလဲစခန်းတွေရှိသည်။တစ်ခုနဲ့တစ်ခုအချက်ပြမီးပုံတွေနဲ့ဆက်ထားသည်။ရန်သူတွေအလစ်ဝင်တိုက်ချင်ရင်တောင်အလွယ်တကူတိုက်နိုင်မည်မဟုတ်။ဒီတစ်တောင်သာမိန်းကလေးစစ်သည်တွေဖြစ်ပြီးတခြားတောင်တွေမှာကတော့ယောကျာ်းလေးစစ်သည်တွေဖြစ်သည်။ရန်သူတွေကမိန်းကလေးတပ်ဒါမှမဟုတ်ယောကျာ်းလေးတပ်တစ်တပ်ကိုတိုက်ချင်ရင်တောင်သူတို့ဦးတည်တဲ့တောင်ကိုမရောက်ခင်မှာပဲမင်းကြီးparkစစ်သည်တွေဝိုင်းတိုက်တာခံရနိုင်သည်။

YOU ARE READING
အရှင်(master)
Fanfictionbyunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... byunသည် မင်းကြီးparkသတ်မှ သေမည့်ကံဇာတာဆိုလျှင်.........မင်းကြီးparkကိုအသေသတ်ခဲ့သည်က byunကိုချစ်သောစိတ်ပင်......... by အရွင္(master) #c...