30

9.8K 978 98
                                    

အရှင်(master)
အပိုင်း-၃၀

ခန္ဓာကိုယ်ကိုတက်ဖိထားပြီးအတင်းနမ်းရှိုက်နေတဲ့သူကိုbyunတတ်နိုင်သလောက်တွန်းဖယ်နေသည်။သို့ပေမဲ့နေမကောင်းဖြစ်နေတဲ့byunအတွက်တွန်းဖယ်မှုကနည်းနည်းလေးတောင်အရာမထင်………။

နမ်းနေရင်းထိုသူကbyunရဲ့ခါးစည်းကြိုးကိုဖြည်လိုက်တာကြောင့်အေးခနဲအသိနဲ့အတူbyunရဲ့ဝရုံအဖြူလေးကြမ်းပြင်ပေါ်ပြန့်ကျသွားသည်။

'ဂိုလျောကိုလာပြီးဂိုလျောမင်းင်္ကြီးရဲ့ကိုယ်လုပ်တော်ကိုအကြမ်းဖတ်နေတာကမိုက်ရူးရဲဆန်တာလား?အသိတရားမရှိတာလား'

လေသံအေးအေးနဲ့ ပြောလာတဲ့လူတစ်ယောက်ကြောင့် ထိုသူ byunရဲ့အပေါ်ကနေ ပြာပြာသလဲထသွားပြီး သူ့ရဲ့ပုံပျက်ချင်နေတဲ့ဝတ်ရုံကို ပြန်ပြင်လိုက်သည်။byunလည်း သူ့အဝတ်အစားကိုမြန်မြန်ပြန်ဝတ်ပြီး ပြောနေတဲ့သူကိုကြည့်လိုက်တော့ နဲနဲမှောင်နေတာကြောင့် မျက်နှာကိုမမြင်ရသေးပေ။သူ့ကိုယ်ရံတော်ထင်ရသည့်သူက မီးတွေထွန်းလိုက်မှတစ်ဆောင်လုံးလင်းသွားပြီး

byun:ကျန်းထုံမြို့စား

byunအံသြတကြီးရေရွတ်ပြီး မတ်တပ်ထရပ်လိုက်သည်။ဖယောင်းတိုင်မီးထွန်းတဲ့သူကိုကြည့်လိုက်တော့ yixingနဲ့လက်ထပ်ထားသည့်သူkim suho

yixing:မင်းကြီးကမြန်မြန်ထွက်သွားဖို့လာပြောခိုင်းလို့လာပြောတာပါ။မထင်ထားမိဘူး။ချီနိုင်ငံကအမတ်ကြီးရဲ့သားကဒီလောက်ရိုင်းပြလိမ့်မယ်လို့……။သူ့အစားတောင်းပန်ပါတယ်

byun:သူလုပ်တဲ့အပြစ်ကသိပ်ကိုကြီးတယ်။အရှင့်ကိုသွားပြောပြီး………

byunမျက်ရည်တွေသုတ်ပြီးမင်းကြီးအဆောင်ကိုပြောရင်းသွားမလို့ပြင်လိုက်ပေမဲ့

yixing:မင်းကြီးကမတွေ့ချင်တော့ဘူးတဲ့

byunရဲ့ခြေလှမ်းတွေရပ်သွားပြီးyixingကိုပြန်လှည့်ကြည့်လိုက်သည်။စိုနေတဲ့မျက်တောင်လေးတွေဟာထပ်ပြီးစိုစွတ်လာခဲ့သည်။yixing byunရပ်နေတဲ့အနားကိုဖြည်းဖြည်းချင်းလျှောက်သွားရင်း

yixing:သူကိုယ်တိုင်မတွေ့ချင်လို့ကျွန်တော့်ကိုလာခိုင်းလိုက်တာပါ

အရှင်(master)Donde viven las historias. Descúbrelo ahora