🖤Theories of LOVE♥
🖤Palace of Neglect♥
အချစ်ဟာ ဘယ်တော့မှမသေဆုံးမဲ့အရာတစ်ခုပါ......
ဒါပေမဲ့ ဥပေက္ခာ တရားနဲ့ အတ္တတွေပေါင်းဆုံလာရင်တော့ အချစ်ဟာ သတ်ဖြတ်ခြင်းခံရတတ်ပါတယ်.......
🖤♥🖤♥
အချိန်ဆိုတာ သက်ရောက်မှုအင်အားအနည်းအများနဲ့ ပြောင်းလဲမှုတွေဖန်တီးဖြစ်တည်စေတဲ့အရာဆိုတာကို အရင်ကနားမလည်ခဲ့ပါဘူး......
ဖတ်ဖူးတဲ့စာအုပ်တွေထဲက လှလှပပစကားစုသက်သက်တခုအဖြစ်ပဲ မှတ်ယူခဲ့ဖူးတာပါ......
အချိန်တွေဟာ စကားပြောတတ်တယ်ဆိုတာကို အခု ကိုကိုနဲ့မျက်နှာချင်းဆိုင်ခွင့်မရတဲ့ ထိတွေ့ခွင့်မရှိတဲ့ ၂လအတွင်းမှာ ကျွန်တော် ရင်နဲ့အမျှခံစားနေရပြီလေ......
ဝေးတယ်ဆိုတဲ့စကားကို ကိုကိုကျွန်တော့်ကိုကြောက်တယ်လို့ပြောတဲ့နေ့တည်းက ကိုယ့်ဟာကိုယ်မပြောမိဖို့ မတွေးမိဖို့တားဆီးပိတ်ပင်ခဲ့တာပါ......
စက္ကန့်မလပ်သူကျွန်တော့်နှလုံးသားထဲမှာ ရှင်သန်နေတာဟာ ဝေးကွာခြင်းမှမဟုတ်ပဲလေ.......
ကိုကိုနဲ့အချစ်ဟာ စိတ္တဇ နာမ် သက်သက်အဖြစ်နဲ့မြတ်နိုးခိုင်ကျည်စွာဖြစ်တည်နေတဲ့ နှလုံးသားရဲ့အသက်ဓာတ်တွေပါပဲ........
သူကျွန်တော့်နှလုံးသားကို အရာမယွင်းလွှမ်းမိုးနေတယ်ဆိုတည်းက ဒါဟာဝေးကွာခြင်းမဟုတ်တော့ပါဘူး.......
သူ့စိတ်နဲ့ဖြစ်တည်ရှင်သန်နေတဲ့လက်ရှိအသက်က ကိုကိုနဲ့ကျွန်တော် နီးစပ်ယှက်နွယ်မှုရှိနေတယ်ဆိုတဲ့ အကောင်းဆုံးသက်သေပဲမဟုတ်လား......
ခုလိုချိန်မှာ သူ့ကိုချစ်တဲ့စိတ်နဲ့ နှလုံးသားထဲမှာခိုင်မာတဲ့အချစ်ထုထည်တခုကို နေ့စဉ်ပုံဖော်ထုဆစ်နေမိတာက သူနဲ့ပြန်တွေ့တဲ့အချိန်ပေးဖို့အကောင်းဆုံးလက်ဆောင်ပြင်ဆင်ခြင်းပါပဲ......
လွမ်းတယ်လို့ ခံစားမိတိုင်း နှလုံးသားကအချစ်ထုထည်က တခါသိပ်သည်းတယ်......
အဲ့လိုနဲ့ပဲ ကျရတဲ့မျက်ရည် အလွမ်း မျှော်လင့်ခြင်း ရှင်သန်ခြင်း စတဲ့ သူနဲ့ပတ်သတ်ပြီးပေါက်ဖွားလာသမျှ ခံစားချက်တွေကို ဒီချစ်ခြင်းတရားအတွက်ပဲရည်ရွယ်ခဲ့ပါတယ်.......
YOU ARE READING