🖤2nd Missing Zone♥

1.5K 213 138
                                    

🖤Theories of LOVE♥

🖤2nd Missing Zone♥

ပထမအလွမ်းဇုန်မှာ ဥပေက္ခာ တွေ ခြေရာချတယ်.....

ဒုတိယမြောက်အလွမ်းနယ်မြေမှာရော ဘာတွေထင်ကျန်ဦးမလဲ???

🖤♥🖤♥

နာရီဒိုင်ခွက်က စွန်းနေတဲ့သွေးစတွေကိုတစ်လှည့် မောင်းထွက်သွားတဲ့ကားကိုတစ်လှည့်ကြည့်ပြီး ကျွန်တော်နေဝင်ရီတရောကမ်းပါးမှာ အလွမ်းတွေနားသီခဲ့ရပြီ.....

လွမ်းလို့လုပ်မိတဲ့အရာမှန်သမျှက ပိုလွမ်းဖို့ချည်းဖြစ်နေတာ ဘယ်လိုကောင်းမှုကုသိုလ်အကျိုးဆက်ကြောင့်လဲမသိ.....

သူ့မျက်နှာမြင်ချင်စိတ်တစ်ခုနဲ့ ကလေးတွေတောင်ပစ်ထားပြီး သူ့ဆီလာနေတဲ့အချိန်မှာ ကိုယ့်ရဲ့မကောင်းတဲ့အကျင့်လေးကြောင့် ဆူခံလိုက်ရတာကို စိတ်ထဲကဝမ်းနည်းမိတာပါ...

အလိုလိုက်ခံ အချစ်ခံဘဝမှာ တခါတလေနားလည်မှုတွေဘေးချိတ်ထားမိတာက ကျွန်တော့်အမှားပါပဲ.....

သူ့လေသံမာသွားရင်ကို နှလုံးသားကသွေးကြောတွေကအစ ကောက်ကွေးချင်နေတာဘာသဘောလဲမသိ.....

မိဘနေရာရောက်နေပေမဲ့သူ့ကမ္ဘာမှာ ကျွန်တော်ဟာထာဝရကလေးငယ်လို့ပဲ ကိုယ့်ဟာကိုယ်ခံယူထားတာလေ.....

အလိုက်သိနေတဲ့အခါမှာလဲ နှစ်ယောက်မရှိပေမဲ့ ဘာမဟုတ်တဲ့နေရာကျကိုယ်တိုင်ကိုယ်ကျမီးမွှေးမိနေတာကိုက မကောင်းတာပါ....

ကျွန်တော်မကောင်းတာပါ....

တစ်ဘဝလုံးတောင် သူ့အတွက်မငဲ့မကွက်စွန့်လွှတ်ရဲပြီးမှ သူအလုပ်မအားလို့အချိန်မပေးနိုင်တာလေးကိုနားမလည်ပေးနိုင်တာ...

ကိုယ့်အမှားကြောင့်သူ့လေသံမာတာ သူဆူတာခံရတာကို စိတ်ဆိုးမိတာကမဖြစ်သင့်တာပဲမှတ်လား....

အခုတော့ ကျွန်တော့်ကြောင့် သူ့လက်မှာဒဏ်ရာပါရသွားပြီ....

ရင်ဘတ်ထဲကအောင့်တက်လာတာကို အံကြိတ်သည်းခံရင်းကားပေါ်ပြန်တက်မယ်အလုပ်မှာ P'Mikeကားက မလှမ်းမကမ်းမှာရောက်နေတာမြင်လိုက်ရသည်....

ကိုကို့အမိန့်အရ တစ်လမ်းလုံးအိမ်ရောက်သည်ထိသူ့ကားကနောက်ကလိုက်နေတော့မှာလေ ......

🖤Theories of LOVE♥ Season-2Où les histoires vivent. Découvrez maintenant