🖤Ego♥

1.6K 215 332
                                    

🖤Theories of LOVE♥

🖤Ego♥

အတ္တတိုက်ပွဲမှာ အနိုင်ရသူဟာ တကယ်တော့ ရှုံးနိမ့်သွားတာပါပဲတဲ့....

ပျက်စီးခြင်းကိုအစပြုတဲ့ အောင်မြင်မှုဆိုတာ လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ ပျက်သုဉ်းခြင်းဖြစ်နေလို့ပါပဲ....

🖤♥🖤♥

"မင်းငါ့ဆီ ဘာလို့ရောက်လာတာလဲ Perth မင်းလက်နဲ့ခြေထောက် ပတ်တီးဖြည်ခါနီးကို အိမ်မှာအေးဆေးမနေဘူး"

ပယင်းရောင်အရည်တွေ လှုပ်လီလှုပ်လဲ့ဖြစ်နေတဲ့ ဖန်ခွက်ကိုကြည့်ရင်း Nickပြောတာကို ပြန်ဖြေလိုက်သည်...

🖤မသောက်ရတာကြာနေလို့ပေါ့ ငါ့ကောင်ရဲ့ ငါ့မှာရင်ဖွင့်စရာကလဲမင်းပဲရှိတာလေ....

ဖြောင်းကနဲ အသံနဲ့ ဂုတ်ပိုးတစ်ခုလုံးထူပူပြီးကြယ်တွေလတွေပါ မြင်သွားရသည်အထိ ကိုယ့်ကိုယ်ဇက်ပိုးအုပ်လိုက်တဲ့ Nick.....

🖤သေမလို့လား သူတောင်းစားရဲ့ ငါ့ဘာလို့ရိုက်တာလဲ....

"ကိုယ့်ဟာကိုယ်ဒုက္ခိတအဖြစ်ခံပြီး အတ္တကြီးတဲ့မင်းကို ငါလေးစားလွန်းလို့လေ....

ပြဿနာတစ်ခုဖြစ်တာကို ပြေလည်အောင်ဖြေရှင်းပုံကသြချယူရလောက်အောင်ပဲနော်....

ငါ နိုင်ငံခြားသွားနေတဲ့၂လကို မင်းတို့ဒီမှာကမ္ဘာပျက်ကျန်နေခဲ့တာပဲ ပစ်ထားလို့ကိုမရဘူး"

🖤ငါ့အဖေလေသံနဲ့ ဆွဲထိုးလိုက်ရ....

"ထိုးလေ ပြန်ထိုးမှာပေါ့ သူတောင်းစားရဲ့ မင်းbabyလို စကားလုံးလေးနဲ့ပဲ ပြန်ပြောနေမှာမဟုတ်ဘူး"

သူငယ်ချင်း အချင်းချင်း ပြောမနာဆိုမနာ စနောက်နေချိန်မှာ Nickစကားသံကြောင့် အရက်ခွက်ကိုင်ထားတဲ့ ကိုယ့်လက်ကိုယ်သေချာပြန်ကြည့်နေမိသည်....

ဒီလက် ဒီလက်တွေနဲ့ ငါမြတ်နိုးရတဲ့သူ့မျက်နှာလေးကိုနာကျင်ဒဏ်ရာ ရစေခဲ့တာ....

ခွက်ထဲကလက်ကျန်ကိုအကုန်မော့ချလိုက်ရင်း ဆို့တက်လာတဲ့ခံစားချက်မှန်သမျှကို လက်ထဲကခွက်ပေါ်လွှဲချလိုက်ရင်းအားကုန်ဆုပ်ညှစ်ပစ်လိုက်သည်....

🖤Theories of LOVE♥ Season-2Donde viven las historias. Descúbrelo ahora