🖤Heartstrings♥

1.5K 235 76
                                    

🖤Theories of LOVE♥

🖤Heartstrings ♥

အလွမ်းတွေကို ဖြန့်ခင်း မင်းရှိရာဆီအရောက်လာမယ် ချစ်သူ🖤♥

🖤♥🖤♥

Ring~~~~~~~~

မှေးခနဲ အိပ်ပျော်ကာစအချိန်မှာမြည်လာသောဖုန်းသံကြောင့် ကမန်းကတန်း ကုန်းထကာကြည့်မိတော့ ကိုကို့ဆီက....

ဘယ်အချိန်လာမယ်ရယ်လို့အတိအကျမသိပေမဲ့ ဒီနေ့video callခေါ်မယ်ဆိုလို့စောင့်နေရင်းအိပ်ပျော်သွားတာပါ....

ဒီနေ့ဆို ကိုကိုဟိုကိုရောက်နေတာ၃ရက်ရှိပြီ.....

ဒီကြားထဲဖုန်းလောက်သာ သူရောကိုယ်ရောမအားတဲ့ကြားကလုပြောခဲ့ရတာမို့ ဒီနေ့တော့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အလွမ်းသယ်ဖို့ဆုံးဖြတ်လိုက်ကြတာပါ....

ဖုန်းဖွင့် မီးသွေးခဲပေါ်ပစ်တင်ပြီး ကမန်းကတန်းမှန်ပြေးကြည့်ရတာက တလုပ်....

လှတာမလှတာထက် ကိုယ့်မျက်နှာရိပ်ကိုကြည့်ပြီး ပင်ပန်းနေတယ်လို့မသိစေချင်....

မသိမသာညိုနေတဲ့မျက်ကွင်းတွေကို ဖုံးကွယ်ဖို့မျက်မှန်ဝိုင်းလေးကောက်တပ်ပြီး ဆံပင်တစ်ချက်နှစ်ချက် လက်နဲ့သပ်ကာ ကုတင်ပေါ်ပြန်ပြေးတက်ရသည်....

သူအမည်ပေးထားတဲ့ မီးသွေးခဲဝက်ဝံကြီးပေါ်မှာဖုန်းကိုမှီချရင်း ကြည့်လိုက်တော့ စူပုပ်နေတဲ့မျက်နှာနဲ့ လက်တစ်ဖက်ကမေးကိုထောက်ထားသည်.....

ပုံစံကတော့ကျွန်တော့်ကိုစောင့်နေရတာကြာလို့စိတ်ကောက်နေတယ်ဆိုတဲ့ပုံ.....

♥ဟီးး.....အာဘွား ကိုကို....

ဖုန်း screenပေါ် နှုတ်ခမ်းပြေးကပ်ရင်း အပြေးအလွှား ချော့ရသည်....

♥baby အလှပြင်နေတာနည်းနည်းကြာသွားတယ် ဟီး.....

🖤မပြင်လဲချစ်ဖို့ကောင်းပြီးသားဟာကို ဒီမှာလူကသူ့မျက်နှာတွေ့ချင်လို့သေတော့မယ် စောင့်နေရတာ....

မျက်နှာသိသိသာသာချောင်ကျသွားတဲ့ ကိုကို့မျက်နှာကိုကြည့်ရင်း သူစိတ်ဆိုးနေတာကိုတောင်အာရုံမရနိုင်တော့....

🖤Theories of LOVE♥ Season-2Where stories live. Discover now