🖤Crumble♥

1.7K 260 148
                                    

🖤Theories of LOVE♥

🖤Crumble♥

ကြေမွပျက်သုဉ်းခြင်းတွေနဲ့ ကြောက်ရွံ့စွာ လက်လွှတ်ပေးခဲ့ပြီ......

သွားလိုရာသွားပါတော့ ငါ့အချစ်ရေ🖤🖤

🖤♥🖤♥

စူးခနဲ ထိုးအောင့်ကိုက်တက်လာတဲ့ခေါင်းကို ဖိနှိပ်ရင်းမျက်လုံးတွေဖွင့်ဖို့ကြိုးစားပေမဲ့ မရ.....

ဒါပေမဲ့ နားထဲကကြားနေရတာကလေတိုးသံတွေ ပြီးတော့ ကားစက်သံ.....

ကျွန်မ .....ဘယ်ရောက်နေတာလဲ ကားတစီးပေါ်မှာလား......

ကျွန်မစိတ်ထဲကြောက်ရွံ့တုန်လှုပ်မှုတွေက ပရမ်းပတာတိုးဝင်လာပြီးမျက်လုံးဖွင့်ကြည့်ဖို့အားယူချိန်မှာပဲ ငြိမ့်ခနဲခံစားချက်နဲ့အတူ ကြားနေရတဲ့လေတိုးသံတွေရယ် ကားစက်သံရယ်က တိခနဲ ငြိမ်ကျသွားပြီ.....

မူးနောက်နောက်ခေါင်းကိုဖိရင်း မျက်လုံးတွေအားယူဖွင့်ကြည့်လိုက်တော့ မနက်ဝေလီဝေလင်း အလင်းရောင်တွေက မြင်လွှာထဲတိုးဝင်လာသည်......

ပြီးတော့ ဘေးပတ်ဝန်းကျင်ကိုကြည့်တော့ ထင်ခဲ့သည့်အတိုင်းကျွန်မရှိနေတာက ကားတစီးရဲ့နောက်ခန်းမှာ.....

အလန့်တကြားထိုင်နေရာကနေ အပြင်ထွက်ဖို့လှုပ်ရှားမိစဉ်မှာပဲ ကြားလိုက်ရတဲ့အသံကြောင့် ကျွန်မလိပ်ပြာလွင့်မတတ်ထိတ်လန့်သွားခဲ့ရသည်......

♥မလောပါနဲ့.....ဖြည်းဖြည်းပေါ့.... ဆင်းရမှာပေါ့......

အသံ.....အဲ့ဒီအသံက Saint အသံ.....

ထိတ်လန့်စွာအသံကြားရာလှမ်းကြည့်တော့ ကားအပြင်ဘက်မှာမတ်တပ်ရပ်ရင်း ကျွန်မကိုစိုက်ကြည့်နေတဲ့ Saint......

"နင်......နင် ဘယ်လို....."

♥သိပ်မအံ့သြပါနဲ့.....ငါကနင့်ကို လူတယောက်နဲ့ပေးတွေ့ဖို့ခေါ်လာတာပါ.....

စကားလုံးဝမပြောနိုင်တဲ့လူက အခုတော့ကျွန်မတကိုယ်လုံးကိုအေးခဲစေနိုင်မဲ့စကားလုံးတွေကို သက်တောင့်သက်သာအနေအထားနဲ့ပြောနေတာမြင်ရတော့ ကျွန်မအံ့သြသွားရသည်.....

"နင် ငါ့ကိုဘယ်ခေါ်လာတာလဲ ....ပြန်ပို့ပေး အခု......

♥နောင်တမရမှာသေချာလား......အခုနေ နင်ပြန်သွားရင် နင်အဲ့လူကိုဒီတသက်တွေ့ရဖို့လမ်း မရှိတော့ဘူးနော်....

🖤Theories of LOVE♥ Season-2Donde viven las historias. Descúbrelo ahora