🖤2nd pinkish storm zone♥

1.6K 225 155
                                    

🖤Theories of LOVE♥

🖤2nd pinkish storm zone♥

ပန်းနုရောင်နယ်မြေထဲမှာ အလွမ်းတွေနဲ့ စီးချင်းထိုးရပြန်ပြီ.....

ဒုတိယမ္ပိ တမ်းချင်းတွေ ထပ်ထွက်လာဖို့ကိုတော့ ကျွန်တော်ကြောက်တယ် ခင်ဗျားရေ....♥

🖤♥🖤♥

ဒီဒီ ~~~~~~~ပါ.....ပါး........ခစ်ခစ်....

ရယ်သံတွေပျံ့လွင့်နေတဲ့ အိပ်ခန်းလေးမှာကမ္ဘာကြီးတခုလုံး ထိုးထည့်ထားသလိုမျိုးပါပဲ...

သံယောင်လိုက်ပြောတတ်တဲ့ ဆည်းလည်းလေးတွေရဲ့အသံက ကြားရသူမှန်သမျှဘုရားသခင်ကောင်းချီးပေးခံရသလို စိတ်နှလုံးကြည်နူးစေတဲ့လက်ဆောင်လိုမျိုး.....

ဒီကမ္ဘာပေါ်က မပီကလာစကားလုံးတွေကို ပျိုးထောင်ရခြင်းဟာ အမြဲစိမ်းတောထဲ နှလုံးသားမြှုပ်နှံထားရသလိုပါပဲ.....

နွေးထွေးအေးမြပြီး လန်းဆန်းနေတာလေ....

ကိုကိုရယ် ကျွန်တော်ရယ် ဖေဖေရယ် P'Chenရယ် အပြိုင်အဆိုင် သင်ပေးနေကြတာက ကျွန်တော်တို့ကိုသူတို့အသံလေးတွေနဲ့ခေါ်တာကိုကြားချင်တဲ့ ဆန္ဒတွေနဲ့ပါ.....

ကိုကိုက ဒယ်ဒီရဲ့အတိုကောက် ဒီဒီ.....

ကျွန်တော်က ပါပါး....

ဖေဖေက ဖိုးဖိုး.....

P'Chen က ချန်ချန်......

အပြိုင်အဆိုင်စကားလုံးတွေကြားမှာ သားနဲ့သမီးက ဒီဒီနဲ့ပါပါးကလွဲလို့ကျန်တာမပြောတတ်ကြသေးတော့ ဖေဖေနဲ့P'Chen က မျက်နှာကြီးပုပ်သိုးပြီး ကျွန်တော်တို့နှစ်ယောက်ကတော့ သဘောတွေကျလို့......

ပထမဦးဆုံး စကားပြောတဲ့နေ့မို့ ကျွန်တော်တို့အားလုံးအပျော်ကြီးပျော်နေကြတာပါ.....

♥အ.......သေပါပြီ သားသားရယ်.....

သားကိုချိုင်းကနေပွေ့ထားရင်းဖက်နမ်းမယ်အလုပ် သူ့လက်ကလေးနဲ့ ယမ်းလိုက်တာက ကျွန်တော့်ခေါင်းကဒဏ်ရာကိုထုမိသလိုဖြစ်သွားတာမို့ နာတော့နာသွားသည်.....

♥အားသန်လိုက်တာ သားသားရယ် ပါပါး နာသွားပြီ ......

သားသားရဲ့ပါးကိုနမ်းရင်း ကျွန်တော်ကပြောနေတော့ကိုကိုကကျွန်တော့်ခေါင်းပေါ်က ပတ်တီးဖြူဖြူကို ဖွဖွလေးလာပွတ်ပေးရှာသည်.....

🖤Theories of LOVE♥ Season-2Where stories live. Discover now