🖤Theories of LOVE♥
🎼Re🚩
တောက်ပနေရုံလေးပဲ လုံလောက်တယ်ချစ်သူ.......
အရောင်တွေထပ်စွန်းသွားရင် မင်းနှလုံးသားလေးညှိုးငယ်နေမှာစိုးလို့ပါ.....🖤♥🖤♥
ခွင့်လွှတ်ခြင်း ရဲ့ အလွန် ဥပေက္ခာ အဆင့်မှာ ကျွန်တော်တကယ်ကိုလွတ်မြောက်သွားခဲ့ပြီလို့ ပြောရင် ရပါပြီ.....
ချစ်ခင်နာကျင်ခြင်းကင်းမဲ့ဇုန်မှာ အရာရာကိုလွှတ်ချလိုက်ရတဲ့ခံစားချက်က လူဖြစ်လာတဲ့သက်တမ်းတစ်လျှောက်မှာ အသက်ရှူရခြင်းကို ပိုမိုလေးနက်စေသလိုမျိုးပါပဲ......
အရာရာဟာ ရှင်သန်နေထိုင်ဖို့ထိုက်တန်နေတဲ့ခံစားချက်မျိုးကိုပေးစွမ်းနိုင်လွန်းပါသည်လေ....
ဘေးနားမှာအမြဲရပ်တည်ပေးမဲ့ လေးနက်ခြင်းတစ်ခုရယ် ဘဝရဲ့အနှစ်သာရကိုဖော်ကြူးပေးမဲ့ မကြာခင်ချည်နှောင်ခံရတော့မဲ့ မေတ္တာနှောင်ကြိုးလေးတွေရယ် ရှိနေပြီပဲလေ.....ဘာများထပ်လိုဦးမလဲ.....
အရုဏ်မတက်ခင်အချိန်နိုးထလာတဲ့ အတွေးခံစားချက်တွေက လတ်ဆတ်လွန်းနေတာမို့ မနက်ခင်းနေထွက်ချိန်ကို စောင့်ကြည့်ဖို့တွန့်ဆုတ်မနေတော့......
ရင်ခွင်ထဲက ကလေးလေးမနိုးအောင်အသာလေးထပြီး ဝရန်တာကိုထွက်ကာ နေမင်းရဲ့ရှေ့တော်ပြေး လိမ္မော်ရောင်အလင်းတန်းတွေဆီ စိတ်ကိုလွှင့်ထားလိုက်မိသည်........
တိမ်တောင်တွေနောက်က အားမာန်အပြည့်နဲ့ကောင်းကင်ပြင်ထဲ အဆုံးအစမဲ့ထိုးခွင်းထွက်လာတဲ့ လိမ္မော်ရောင်အလင်းတန်းတွေကိုကြည့်ပြီး ရင်ထဲကအကောင်းမြင်စိတ်တွေနဲ့ လတ်ဆတ်နေတဲ့ နှလုံးခုန်သံတွေက လွန့်လွန့်လူးလို့.....
လတ်ဆတ်တဲ့မနက်ခင်းလေပြည်ကို အားရပါးရရှူသွင်းလိုက်ချိန်မှာ ရုတ်တရက်သတိရမိတာက baby.....
ခုလိုမနက်စောစောလေးထပြီး လေကောင်းလေသန့်ရှူပေးရင် babyလဲ စိတ်ရောလူပါလန်းနေမလားပေါ့.....
အတွေးမဆုံးခင် ချက်ချင်းလုပ်လိုက်မိတာက အခန်းထဲပြန်ဝင်ပြီး ကုတင်ပေါ်မှာကွေးကွေးလေးအိပ်မောကျနေတဲ့ babyကို အသာလေးပွေ့ချီလိုက်တာပါပဲ......
YOU ARE READING