Part [1] အစကနဦး [ Zawgyi + Unicode ]

26K 802 5
                                    


" ကျွတ် .. လာပြန်ပြီ ..
မြင်ရတွေ့ရတာ အရမ်းစိတ်ပျက်ဖို့ကောင်းတယ် .."

Yu Bin ပြောပြောဆိုဆို လက်ထဲကဖုန်းကို ဆိုဖာပေါ် ပစ်တင်လိုက်သည် ၊၊

ပြီးနောက် တကယ့်ကိုစိတ်ပျက်လက်ပျက်ပုံစံမျိုးနဲ့ သက်ပြင်းရှည်ကြီးချပြီး ..

" ဟင်း .. သူတို့လုပ်တာနဲ့ ငါတို့တရုတ်ပြည်ကြီး လူအထင်သေးစရာတော့ ဖြစ်တော့မယ် .. "

" ..... "

တစ်ယောက်ထဲ တဗြစ်တောက်တောက်ပြောနေတဲ့ Yu Bin ကို ကျောက်ရုပ်ကြီးလို ရုပ်တည်ကြီးနဲ့ ရေခဲရိုက်အကြည့်တွေ ပို့လွှတ်နေသူက Yibo .. ၊၊

" သေချာစဉ်းစားလေ ရင်လေးလေပဲ .. ငါတို့တရုတ်ပြည်ကြီးရဲ့ အနာဂါတ်အတွက် တကယ့်ကို မဖြစ်သင့် .. အားရိုး .. မင်းအကြည့်ကြီး ပြင်လိုက်စမ်းကွာ.. မဟုတ်ရင်လဲ ဟိုဘက်လှည့်နေ .. "

Yibo ကြည့်နေတာကို အခုမှ သတိထားမိပြီး စကားပင် ဆုံးအောင်မပြောနိုင်ပဲ သူ့မျက်နှာသူ လက်ဖဝါးနဲ့အုပ်ရင်း ကမန်းကတန်းဆိုသည် ၊၊

" ..... "

" အား .. ပြောမှ ပိုဆိုးလာပြီ .. မင်း မြန်မြန် ဟိုဘက်မလှည့်သေးဘူးလား Yibo .. ဒီမှာ ငါအသက်ထွက်တော့မယ် .. အား .. "

သူကသာ ဖြစ်နေတာ .. Yibo တို့ကတော့ အကြည့်တွေ ပို့လွှတ်လို့ကောင်းတုန်း .. ၊၊

" ဘာလဲ .. မကြိုက်ဘူးလား .. အင်းအင်း .. မင်းမကြိုက်ရင်လဲ မပြောတော့ဘူးလေ .. နော် .. ခေါင်းလေး .. ဟိုဘက်လေး နည်းနည်းလှည့်လိုက် .. အေး .. ဟုတ်ပြီ ဟုတ်ပြီ .. ဒီလိုမှပေါ့ .. အဟဲ .. "

" ..... "

Yibo .. ဘာတစ်ခွန်းမှ ပြန်ပြောမနေတော့ပဲ ခေါင်းတခါခါနဲ့ ဖတ်လက်စ ဇာတ်ညွှန်းဆီ အကြည့်ပြန်ပို့ထားလိုက်သည် ၊၊

ဟုတ်တယ် .. Yu Bin Ge က အခုလိုမျိုး တစ်ယောက်ထဲ လေပေါနေကျဆိုတော့ .. ထူးပြီး စကားပြန်နေစရာ မလိုဘူးလေ .. ၊၊

တစ်ခါတလေများဆို လေပေါယုံတင်မကပဲ ဒေါသတွေပါ ထွက်နေတတ်သေးတာ .. ၊၊

အခုလိုမျိုးပေါ့ ၊၊
Weibo ပေါ်က ယောက်ျားလေးချင်း စုံတွဲပုံ တစ်ပုံကိုကြည့်ပြီး ပွစိပွစိလုပ်နေတာ မပြီးနိုင်တော့ဘူး .. ၊၊ သူ့ကိုယ်သူ .. တရုတ်ပြည်ရဲ့ မိခင်ကြီးလား .. ဖခင်ကြီးလား .. ဘာကြီးထင်နေလဲကို မသိဘူး .. ၊၊ သူပြောတဲ့ထဲ တရုတ်ပြည်ကြီးရဲ့ အနာဂါတ်ဆိုတာတွေလဲ ပါရဲ့ .. ၊၊
ရင်လေးတာတွေရော .. ၊၊

ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Where stories live. Discover now