Ch 🎐2🎐

6.6K 330 13
                                    

~​ဗွမ်း.....~

အေးစက်​​နေ​သော ​ရေ​တွေ မျက်​နာ​ပေါ် အ​လောင်းခံလိုက်​ရ​သော​ကြောင့်
သီးသွားရသည်

~အဟွတ်​ အဟွတ်​ အဟွတ်​~

ရေသီးသွား​ကြောင့်​ ​ချောင်းတဟွတ်​ဟွတ်​ဆိုးကာ
ထ ထိုင်​လိုက်​ရသည်

"​နောက်​ဆုံး​တော့ နိုးလာပြီ​ပေါ့"

"ခင်​​ဗျား ဘယ်​လိုလုပ်​လိုက်​တာလဲ ဒီမှာ သီးကုန်​ပြီ​ဗျ"

သူက ရယ်​သည်

"ဟား ဟား  လိမ္မာမယ်​ထင်​​နေတာ စွာ​တေးလန်​​လေးပဲ ဒါနဲ့ မင်း​မသိလို့​ပြောထားလိုက်​ဦးမယ်​"

ပြောရင်း ပါး​လေးနှစ်​ဖက်​ဖြင့်​ ဖိကာကိုင်​လိုက်​​သော​ကြောင့်​ မျက်​ရည်​ဝဲလာရသည်​ ငယ်​ငယ်​ကတည်းက
ပိုး​မွေးသလို အ​မွေးခံထားရ​သော​ကြောင့်​ ကျ​နော့်​အသား​လေး​တွေမှာ ဖန်​​သါး​လေးလိုပဲ  အကြမ်း
ပတမ်း​လုပ်​တာနဲ့ ပျက်​စီးသွားနိုင်​ပါသည်

"မင်းက ငါ့အ​စေခံပဲ ငါ့ကို ပြန်​​ပြောခွင့်​မရှိဘူး မင်းကငါဘာလုပ်​လုပ်​ ငြိမ်​ခံ​နေရမဲ့သူပဲ သ​ဘော​ပေါက်​လား ​နောက်​ခါ ငါ့ကိုပြန်​ခံ​ပြောရဲ​ပြောကြည့်​ အဲ့ဒီ
မင်းနှုတ်​ခမ်းလှလှ​လေးကို အက်​စစ်​နဲ့ ပက်​ပစ်​မယ်​"

ပြောပြီး ​ဆောင့်​လွှတ်​ချလိုက်​​သော​ကြောင့်​ အ​နောက်​ကို ပုံရက်​​လေးကျသွားမိသည်

"​နောက်​ ငါးမိနစ်​အတွင်း  မီးဖိုခန်းထဲ လာပြီး ငါ့အတွက်​မနက်​စာပြင်​​ပေး ​အေး  မ​ရောက်​လာလို့က​တော့ မင်းတစ်​ကိုယ်​လုံး စုပ်​ပြတ်​သတ်ြ​ပီသာ မှတ်​လိုက်​​တော့!!!"

ကြုံးဝါး​ပြောဆိုကာ အခန်းထဲမှထွက်​သွားသည်

ခင်​​ဗျားကြီး အနိုင်​ရတုန်း​တော့ ယူထားဦး​ပေါ့
ဒါမဲ့ ကျ​နော်​ အခွင့်​သာလာရင်​​တော့ ခင်​​ဗျားအလှည့်​ပဲ

တကိုယ်​လုံးကို စုတ်​ပြတ်​သတ်​​အောင်​ လုပ်​ပစ်​မယ်​ဆိုလို့ ​ရေအမြန်​ချိုးကာ  လွယ်​အိတ်​ထဲပါလာတဲ့
အင်္ကျီ​လေးကို ထုတ်​ဝတ်​ပြီး အမြန်​သွားရသည်

ငြိုးမျက်​ရယ်​မ​ပြေ 🎐Completed🎐Tempat cerita menjadi hidup. Temukan sekarang