"လူကြီး "
"ပြောလေ ကလေး "
"ကျနော်က လိုက်သာလာရတာ ဘယ်သူနဲ့မှလည်း မသိဘူးရယ် "
ကျနော့်လက်ကို အတင်းဆုပ်ကိုင်ထားကာ ဟိုသည်ကြည့်နေပြီး ပြောနေသောကြောင့် သူ့ကိုယ်လေးကို ရင်ခွင်ထဲ ဆွဲသွင်းကာ
"ဘယ်သူနဲ့မှ မသိလဲ ကိုယ်နဲ့သိတယ်လေကွာ "
"လူကြီးကလည်း "
"လာပါ ဘာမှကြောက်မနေနဲ့ "
လက်လေးကနေဆွဲခေါ်ကာ ထိုင်ခုံမှာ သေချာထိုင်စေပြီးသူစားချင်မဲ့အစားအစာလေးတွေကို ပန်းကန်တစ်ချက်ထဲ ရောထည့်ပေးနေမိသည်
ဒီတစ်ခေါက် ကိုယ်ဝန်က ကံကောင်းတယ် ပဲပြောရမှာပေါ့ အစားအသောက် မရွေးဘဲအကုန်စားတယ်
"စားကောင်းလား "
"အင်း ဘယ်မှာမသွားနဲ့နော် ကျနော့်ဘေးမှာပဲနေ "
"အင်းပါကွာ "
ပန်းကန်ထဲက အစားအသောက်တွေကို တမြုံ့မြုံ့စားနေတဲ့ သူ့ကို တစိမ့်စိမ့်ကြည့်နေလိုက်သည်
"ချစ်စရာလေး ကလေးရယ် ကိုယ်တော့ ဘယ်သူ့မှ ကလေးကို မမြင်အောင် ဖွက်ထားလိုက်ချင်တော့တယ် "
"ပိုပြီ ကျနော့်လို ကလေးသုံးယောက်အဖေကို ဘယ်သူက စိတ်ဝင်စားမှာလဲ လူကြီးရဲ့ "
"ဘာပဲဖြစ်ဖြစ်ကွာ ကိုယ်ကတော့ စိတ်မချဘူး "
သူက မျက်မှောင်ကြုတ်ကာ
"ကျနော့်ကို မယုံတာလား လူကြီး "
"မဟုတ်ဘူးလေ ကိုယ်က ဒီအတိုင်းပဲ စိတ်မချလို့ပါ"
"တော်ပါ လူကြီး ကျနော့်ကို မယုံတာမှတ်လား "
"မဟုတ်ရပါဘူးကွာ "
"မသိဘူး ဘာမှလာမပြောနဲ့ ဟိုမှာ လူကြီးရဲ့ ဟာမကြီးစီ သွားလိုက်ဦး "
YOU ARE READING
ငြိုးမျက်ရယ်မပြေ 🎐Completed🎐
Fanfictionငါ့အမှား အတွက် ငါလုပ်ခဲ့တာတွေအတွက် မင်းကို ဘယ်လို တောင်းပန်ရတောင်းပန်ရ မင်းခွင့်လွှတ်တဲ့ အထိ ငါတောင်းပန်ပါတယ် ဒါက ငါမင်းကို အရမ်းချစ်မိသွားလို့ luhan oh sehun မုန်းတယ် ကျနော် ခင်ဗျားကို အ...