~အင်း...ဟင်း ဟင်း .အင်း.. luhan ဟင်း..~
~luhan အင်း...ဟင်း..ချမ်းတယ် ..အင်း..~
ဘေးက ညီးသံကြောင့် နိုးလာခဲ့သည်
ကြည့်မိတော့ တကိုယ်လုံးချွေးတွေရွှဲနစ်နေကာ
နှုတ်ခမ်းနှစ်လွှာကလည်း ဖြူဖျော့နေသည်"လူကြီး.. .."
"အင်း ချမ်းတယ်.."
"ဟို စောင်ယူမလား ဟင် "
"အင်း...ဟင်း..."
"အာ ယောင်နေတာလား "
ငုတ်တုတ်ထထိုင်လိုက်ကာ နဖူးပြင်ကို ကိုင်ကြည့်တော့ အားလားလား ပူခြစ်နေတာပဲ
သားငယ်ကို စောင်သေချာခြုံပေးကာ ကုတင်ပေါ်က ထလိုက်သည်
သူ့ကိုလည်းစောင်ခြုံပေးလိုက်ကာ အောက်ထပ်ဆင်းလာပြီး ရေခဲ လာယူရသည်
ရေခဲတွေကို ဇလုံထဲ ထည့်လိုက်က အပေါ် ပြန်တက်လာတော့ သူက စောင်ကို ကန်ထုတ်ထားတယ်
သူ့ဘေးခြမ်း တွင် တင်ပါးလွဲ ထိုင်လိုက်ကာ
ရေခဲ စိမ်ထားသော အဝတ်လေးကို နဖူးပေါ် အုပ်ပေးထားလိုက်သည်
"နေ တော်တော် မကောင်းဖြစ်နေတာပဲ "
ကျနော် တစ်ခါမှ သူနေမကောင်းဖြစ်တာ မမြင်ဖူးဘူး ရယ်
အဝတ်လေးကို ပြန်ယူကာ နောက်အသစ် တစ်ခု ထပ်တင်ပေးရသည်
"luhan ....."
ကျနော့် နာမည်ကို ခေါ်လိုက်တာမို့ တုန်သွားမိသည်
သူက တဖြေးဖြေး မျက်လုံး ဖွင့်ကြည့်လာသောကြောင့် ဘာလုပ်လို့ဘာကိုင်ရမလဲ မသိ"ဟို လူကြီး နေမကောင်းလို့ အဲ့ဒါ ကျနော်က.."
"ဘာလို့ အစောကြီးထနေတာလဲ အိပ်ရေးပျက်မှာပေါ့ ပြန်အိပ်တော့လေ "
ESTÁS LEYENDO
ငြိုးမျက်ရယ်မပြေ 🎐Completed🎐
Fanficငါ့အမှား အတွက် ငါလုပ်ခဲ့တာတွေအတွက် မင်းကို ဘယ်လို တောင်းပန်ရတောင်းပန်ရ မင်းခွင့်လွှတ်တဲ့ အထိ ငါတောင်းပန်ပါတယ် ဒါက ငါမင်းကို အရမ်းချစ်မိသွားလို့ luhan oh sehun မုန်းတယ် ကျနော် ခင်ဗျားကို အ...