~အင်း....ဟင်း..ဟင်း..အင်း..~
ဘေးက ညီးသံ သဲ့သဲ့ကြောင့် နိုးလာကာ ကြည့်မိတော့
တကိုယ်လုံး ချွေးစီးတွေ ပြန်ကာ ကွေးနေသည်
"ဟေ့ xiao luhan ထစမ်း ဟေ့ "
"အင်း...ဟင်း..."
"ကျစ် "
စိတ်ရှုပ်၍ စုပ်သတ်မိကာ ဟိုဘက်ခြမ်း လှည့်အိပ်လိုက်သည်
ကိုယ်နဲ့သူက လက်ထပ်ထားပေမဲ့
သူနေမကောင်းတာကို ပြုစုပေးရတဲ့အထိ
ပြေလည်နေကြတာ မဟုတ်ပါဘူး
ထားလိုက် သူ့ဘာသူဖြစ်ချင်ရာဖြစ်
~အင်း ချမ်းတယ် ... အင်း..ဟင်း..မားမား..ချမ်း..တယ် ...ပါးပါး..ကျနော့်ကို..ကယ်ပါဦး...အင်း..~
ပါးစပ်ကလည်း ယောင်းယမ်းကာ ညီးရင်း
တိုးကပ်လာသောကြောင့် တွန်းထုတ်မိသည်
"ဖယ်စမ်း ဘာလို့ လာကပ်နေတာလဲ"
"ဟင့် ချမ်းတယ်..."
"xiao luhan ဖယ်စမ်း ငါ့နားမကပ်စမ်းနဲ့ !!"
အနည်းငယ် အော်လိုက်မိတော့ မျက်လုံးလေး ဖွင့်လာသည် မျက်လုံးထဲတွင်လည်း မျက်ရည်များ
ပြည့်အိုင်နေကာ မျက်နာတစ်ခုလုံး ချွေးများထွက်နေသည်
"တောင်းပန်ပါတယ်.. လူကြီး."
ပြောပြီး ဟိုဘက် ပြန်တိုးသွားကာ ကွေးနေသည်
"စောင်ယူမလား ? "
"ဟင့်အင်း ရပါတယ် "
"အဲ့ဒါဆိုလည်း ပြီးရော ငါ့နားထပ်မကပ်လာနဲ့နော်"
"ဟုတ်ကဲ့"
'•´'•´'•´'•´'•´'•´'•´'•´
"ဒေါ်လေး kim "
"nae သခင်လေး"
"xiao luhan နေမကောင်းဘူးလား မသိဘူး နည်းနည်းလောက် ဂရုစိုက်ပေးလိုက်ပါ"
VOCÊ ESTÁ LENDO
ငြိုးမျက်ရယ်မပြေ 🎐Completed🎐
Fanficငါ့အမှား အတွက် ငါလုပ်ခဲ့တာတွေအတွက် မင်းကို ဘယ်လို တောင်းပန်ရတောင်းပန်ရ မင်းခွင့်လွှတ်တဲ့ အထိ ငါတောင်းပန်ပါတယ် ဒါက ငါမင်းကို အရမ်းချစ်မိသွားလို့ luhan oh sehun မုန်းတယ် ကျနော် ခင်ဗျားကို အ...
