"oh sehun နင်ငါ့ကို လိမ်တယ်ပေါ့
ဟုတ်လား!!"မျက်မှောင်ကြုတ်ကာ အော်လိုက်သော omma ကြောင့် မျက်လုံးပြူးသွားမိသည်
omma က အရင်က ဆရာဝန်လေ အခုမှ မလုပ်တော့တာ
တံတွေးကို ခိုးမြိုချလိုက်ရသည်
"ပြောတော့ ကိုယ်ဝန်က လေးလလောက် ရှိပြီဆို"
"ဟု..ဟုတ်တယ်လေ omma ရယ် "
"ဒီမှာ ကိုယ်ဝန်က နှစ်လလောက်ပဲ ရှိသေးတယ်"
"ဟင် ? "
"ငါ့ကို လိမ်တယ်ပေါ့ ဟုတ်လား"
"ဟာ အဲ့ဒါက ကျနော်က ကြိုပြောထားတာပါ ကျနော်တို့က ယူဖို့ အစီအစဉ်က ရှိပြီးသားလေ နည်းနည်းလောက် ကြိုပြောကြည့်တာပါ omma ကလည်း"
"နင်နော် ငါလိမ်တာ မကြိုက်ဘူး ဆိုတာ သိရဲ့သားနဲ့"
"သိပါတယ် ကျနော်က omma တို့ ပျော်ရအောင်လို့ပါ"
"ဟွန်း ငါ့ မြေးလေးနဲ့ ငါ့သမက်လေး မျက်နာကြောင့် ခွင့်လွှတ်လိုက်မယ်"
omma က ပြောရင်း သူ့ကို ပြုံးပြတော့
သူကလည်း ပြန်ပြုံးပြသည်ကျနော် သူ့ကို ကြည့်နေမိတော့ သူက ခေါင်းလေးပြန်ငုံ့သွားတယ်
"အမယ့်လေး oh sehun ရယ် ကိုယ့်ယောကျာ်း ပြုံးတာ မမြင်ဖူးတဲ့ အတိုင်းပဲ ကြည့်နေတာ "
*တကယ် မမြင်ဖူးပါဘူး သူ့အပြုံးတွေက ကိုယ့်အတွက်မှ မဖြစ်တည်ခဲ့တာ *
ဒါနဲ့ omma က ဘာလဲ သူကိုယ်ဝန်မရှိတာကို
ဘာလို့ မသိတာလဲသူ့ကို ပြန်ကြည့်မိတော့ omma ပြောတာလေးတွေနားထောင်ကာ ပါသွားတော့သည်
"ငါ့သားကတော့ စွမ်းတယ်ကွာ "
ပခုံးဖက်ရင် ကျေနပ်သလိုပြောလာသော appa
ESTÁS LEYENDO
ငြိုးမျက်ရယ်မပြေ 🎐Completed🎐
Fanficငါ့အမှား အတွက် ငါလုပ်ခဲ့တာတွေအတွက် မင်းကို ဘယ်လို တောင်းပန်ရတောင်းပန်ရ မင်းခွင့်လွှတ်တဲ့ အထိ ငါတောင်းပန်ပါတယ် ဒါက ငါမင်းကို အရမ်းချစ်မိသွားလို့ luhan oh sehun မုန်းတယ် ကျနော် ခင်ဗျားကို အ...