"ကလေးလေး....."
ဗိုက်လေးကို ပွတ်သတ်နေမိသည်
"ကလေးလေး ခံစားမိလားဟင် အပြင်က လေပြေလေးတွေရဲ့ အထိအတွေ့ကို အရမ်းနူးညံ့တယ်"
"ပြီးတော့ ကလေးလေး ကြားရလား ငှက်လေးတွေရဲ့ သီချင်းဆိုသံကို အရမ်းသာယာတယ်"
"ကလေးလေး မြင်ရလားဟင် ကောင်းကင်ကြီးက
တိမ်တိုက်တွေကို အရမ်းကြည့်ကောင်းတယ်နော်""ပါးပါးရဲ့ ကလေးလေး တွေ့နေရလား ပန်းပင်လေးတွေကို အရမ်းလှတယ် "
"ပြီးတော့ ပါးပါး အသံကို ကြားရလား ပါးပါး အသံက နှစ်လိုဖွယ်ကောင်းလားဟင်"
"ပြီးတော့ ပါးပါး မျက်နာကို မြင်တွေ့ရလား ဟင် "
"ပါးပါးက ချစ်ဖို့ကောင်းလား "
"ဘာလို့ ပါးပါးကို မင်း appa က သဘောမကျတာလဲ မသိဘူးနော် "
"ပြီးတော့ မုန်းစရာကောင်းလို့လားဟင် "
"မင်း appa က အမြဲ မုန်းနေတာ "
"ဟင်း ဒီကမ္ဘာမှာ မင်း ရဲ့ ဖေဖေကြီးနဲ့ မေမေကြီးက လွဲရင် ပါးပါးကို ဘယ်သူမှ မချစ်ဘူးနော် "
"ပါးပါး လည်း တစ်ခါတစ်လေ အချစ်ခံကြည့်ချင်တယ်"
"ပါးပါးက အစွန့်ပစ်ခံ လူတစ်ယောက်ပါကွာ "
"ဖေဖေကြီးနဲ့ မေမေကြီး ပြောနေတာကို ပါးပါးကြားခဲ့တယ် သိလား"
"ပါးပါး က မွေးစားသားတဲ့လေ အသက် 10 နှစ်ကောင်လေးတစ်ယောက်ကို သူတို့ကမွေးစားခဲ့တာ အဲ့ကောင်လေးရဲ့ မိဘအရင်းတွေက သူ့ကို စွန့်ပစ်ပြီး ဟိုးအဝေးကို ထွက်သွားကြပြီ "
"အဲ့ကောင်လေး နိုးလာတဲ့အချိန်တစ်ခုက ဆေးရုံမှာ သူ့ဦးနှောက်ထဲမှာ ဘာမှမရှိဘူး သူဘာမှကိုမသိတော့တာ ဒါကိုဘေးက လင်မယား နှစ်ယောက်က သူ့မိဘတွေတဲ့ ကောင်လေးက သူတို့နှစ်ယောက်နဲ့ အိမ်ကြီးတစ်အိမ်မှာ အတူတူ နေတယ် သူတို့ နှစ်ယောက်ကလည်း ချစ်ရှာပါတယ် ဒါနဲ့ အဲ့ဒီ လူနှစ်ယောက်ကို ဘယ်သူမှန်းမသိတဲ့ လူတစ်ယောက်က ထောက်ပံ့ကြေးပေးနေတာ "
ŞİMDİ OKUDUĞUN
ငြိုးမျက်ရယ်မပြေ 🎐Completed🎐
Hayran Kurguငါ့အမှား အတွက် ငါလုပ်ခဲ့တာတွေအတွက် မင်းကို ဘယ်လို တောင်းပန်ရတောင်းပန်ရ မင်းခွင့်လွှတ်တဲ့ အထိ ငါတောင်းပန်ပါတယ် ဒါက ငါမင်းကို အရမ်းချစ်မိသွားလို့ luhan oh sehun မုန်းတယ် ကျနော် ခင်ဗျားကို အ...