"ထမင်း စားမကောင်းလို့လား "
"မဟုတ်ပါဘူး "
"ဒီရက်တွေအတွင်းမှာ ကိုယ့်ကို နည်းနည်းရှောင်နေသလိုပဲနော် "
"မဟုတ်ပါဘူး "
"ကြည့်ပါလား စကားပြောတာကိုက အရင်ကနဲ့မတူဘူး "
"လူကြီး ထင်လို့ပါ ကျနော်က ပုံမှန်အတိုင်းပဲ "
"မဟုတ်ဘူး တစ်ခုခုတော့ ဖြစ်နေတယ် မှတ်လား "
"မဖြစ်ပါဘူး ကျနော် ဝပြီ သားလေးနဲ့ သွားဆော့ပေးလိုက်ဦးမယ် "
"အင်းပါ "
သားလေးကို လက်ကဆွဲကာ အပေါ်ထပ် တက်သွားတယ်
"lu လေးက တစ်ခုခုအလိုမကျဘူးနဲ့တူတယ် "
"အင်း ဟုတ်လောက်တယ် အိပ်ယာထဲ ရောက်မှ ပေးကြည့်လိုက်ဦးမယ် "
ညစာ စားခြင်း လက်စသတ်လိုက်ကာ အခန်းထဲ ဝင်လာခဲ့တော့ သူက မရှိ သားလေးအခန်းထဲမှာ ထင်သည်
ကုတင်ပေါ် တက်လိုက်ကာ computer ထဲက
အလုပ်တွေကို ကြည့်နေလိုက်သည်ကြိုးကြိုးစားစား လုပ်ပြီးသည့်နောက်တွင်တော့ ပြန်တည်ငြိမ်လာပါပြီ
"မအိပ်သေးဘူးလား "
သူရောက်လာပြီမို့ computer ကို ပိတ်လိုက်သည်
"အင်း သားလေးကို ခေါ်သိပ်မှာလား "
"ဟိုမှာ အိပ်သွားပြီ မခေါ်တော့ဘူး "
ကုတင်ပေါ် တက်လာကာ စောင်ခြုံပြီး အိပ်ရန်ပြင်နေသည်
"တစ်ခုခုများ မကျေနပ်တာ ရှိနေလား "
"မရှိပါဘူး "
"ဒါဆို ဘာဖြစ်နေတာလဲ "
"ဘာမှမဖြစ်ပါဘူး လူကြီး အလုပ်လုပ်နေတာ မှတ်လား ဆက်လုပ်လေ ကျနော် အိပ်တော့မှာ "
"တခြား လုပ်ချင်တာလေး မရှိဘူးလား "
သူက ကြည့်လာကာ
ESTÁS LEYENDO
ငြိုးမျက်ရယ်မပြေ 🎐Completed🎐
Fanficငါ့အမှား အတွက် ငါလုပ်ခဲ့တာတွေအတွက် မင်းကို ဘယ်လို တောင်းပန်ရတောင်းပန်ရ မင်းခွင့်လွှတ်တဲ့ အထိ ငါတောင်းပန်ပါတယ် ဒါက ငါမင်းကို အရမ်းချစ်မိသွားလို့ luhan oh sehun မုန်းတယ် ကျနော် ခင်ဗျားကို အ...