"ငါ သွားပြီ "
"ဟုတ်ကဲ့ "
ကားပေါ်တက်ကာ မောင်းထွက်သွားပြီဖြစ်သောကြောင့် အိမ်ထဲ ပြန်ဝင်လာခဲ့သည်
"baekie "
"ဂျာ. "
"မန်မန် စားမယ်လေ "
"ဟီး ချားမယ် နန်နန်စားမယ်"
ပြုံးရွှင်ကာ ပြောနေသော သားလေးကြောင့်
ကိုယ်လည်း လိုက်ပြုံးမိကာ သားအတွက် ထမင်းပန်းကန်လေးကိုသွားယူပြီး ဆိုဖာပေါ်မှာ ထိုင်ကျွေးနေမိသည်"ပါးပါး "
"ပြောလေ သား "
"တား အဲ့နေရာကို ရောက်ကြည့်ဖူးချင်ရယ် "
"ဘယ်နေရာလဲ သား "
"ဟိုမာလေဂျာ "
သားလေး လက်ညှိုးထိုးပြတာ ကြည့်မိတော့ TV မှာ လာနေသော ကစားကွင်း ရဲ့ ပုံရိပ်များ
အင်းလေ သူလည်း သွားကြည့်ချင်မှာပေါ့
အသက်နှစ်နှစ်သာပြည့်လာတယ် ခြံပြင်တောင်မထွက်ဖူးတဲ့ ဟာကို
"တားကို ရိုက်ပို့ပါရား.ဟင် "
မျက်နာလေးငယ်ကာ တောင်းဆိုနေသော သားငယ်လေးကြောင့် ဘာလုပ်ရမလဲ မသိတော့ပါဘူး
လိုက်ပို့လိုက်ရင် ကိုယ့်သေတွင်းကိုယ်တူးလိုက်သလိုပါပဲ
ဒါမဲ့ ကျနော်သာ လိုက်မပို့ရင်လည်း သားလေးဘယ်မှရောက်ဖူးတော့မှာ မဟုတ်ဘူး
လူကြီး လိုက်ပို့မှာကို စောင့်နေရင် တသက်လုံးဖြစ်လာမှာမဟုတ်ဘူး
သူက လူကို တိရစ္ဆာန် မှတ်နေတာလေ အမြဲလှောင်ပိတ်ထားတာ
သားလေး ဆန္ဒကို ဖြည့်ဆည်းပေးချင်မိပါသည်
ဒါမဲ့ အဲ့ဒီ ကို ဘယ်လိုသွားရမှာလဲ ကျနော် မသိဘူး
YOU ARE READING
ငြိုးမျက်ရယ်မပြေ 🎐Completed🎐
Fanfictionငါ့အမှား အတွက် ငါလုပ်ခဲ့တာတွေအတွက် မင်းကို ဘယ်လို တောင်းပန်ရတောင်းပန်ရ မင်းခွင့်လွှတ်တဲ့ အထိ ငါတောင်းပန်ပါတယ် ဒါက ငါမင်းကို အရမ်းချစ်မိသွားလို့ luhan oh sehun မုန်းတယ် ကျနော် ခင်ဗျားကို အ...