"မင်း အင်္ကျီတွေကို ဒီအခန်းထဲ ရွေ့လိုက်တော့ "
"အရင် ကျနော် နေတဲ့ အခန်းထဲမှာပဲ.... "
"တိတ်စမ်း!!! မင်းနဲ့ငါ လက်ထပ်ထားတာ အတူနေရမှာပေါ့ ဘာလဲ မင်းက အရင်အခန်းမှာပဲ သွားအိပ်ဖို့စဉ်းစားနေတာလား "
တိတ်ဆိတ်နေသောသူကြောင့် ခြောက်ကပ်ကပ်ဖြင့်ရယ်လိုက်သည်
"ဟက် ဟုတ်နေတာပဲ ဒါဆိုရင်လည်း အဲ့ဒီမှားနေတဲ့ အတွေးလေးကိုဖျက်ပြီး မင်းရဲ့အင်္ကျီတွေ သွားယူလာခဲ့"
"ဟုတ် "
သူထွက်သွားတော့ ကျနော်လည်း ရေချိုးရန်အင်္ကျီတွေချွတ်နေမိသည်
ခဏနေတော့ သူပြန်ရောက်လာသည်
လက်ထဲမှာတော့ ကျောပိုးအိတ်လေးတစ်လုံးသာ"မင်း အင်္ကျီက အဲ့ဒါပဲရှိတာလား"
"ဟုတ်ကဲ့ "
"သွား ဗီရိုထဲက လွတ်တဲ့နေရာမှာ သွားထည့်ထားလိုက်"
"ဟုတ်"
ဘာမှ မငြင်းဘဲ ခိုင်းတဲ့အတိုင်းသာ လုပ်နေသည်
"လာဦး ."
ခေါ်တော့လည်း ရောက်လာသည်
"ငါ့ အင်္ကျီကို ဆက်ချွတ်ပေး"
"..........."
ဘာမှမပြောဘဲ ကြယ်သီးတွေကို ဖြုတ်ပေးနေသည်
"မင်းရော ရေမချိုးသေးဘူးလား "
"လူကြီး ချိုးပြီးမှ ချိုးပါ့မယ် "
"ညကျရင် ညစာ စားပွဲရှိသေးတယ်နော် "
ထိတ်လန့်စွာ ကြည့်လာသည်
"ဘာဖြစ်တာလဲ "
"ကျနော် ပင်ပန်းနေပြီ ညစာ စားပွဲကြီးကျတော့ အဆင်မပြေ...."
"တော် ပင်ပန်းနေရင်လည်း အခုထဲက
အားမွေးထား ညကျလို့ အားပြတ်နေရင်တော့ ငါ့အကြောင်းသိတယ်နော် "
ESTÁS LEYENDO
ငြိုးမျက်ရယ်မပြေ 🎐Completed🎐
Fanficငါ့အမှား အတွက် ငါလုပ်ခဲ့တာတွေအတွက် မင်းကို ဘယ်လို တောင်းပန်ရတောင်းပန်ရ မင်းခွင့်လွှတ်တဲ့ အထိ ငါတောင်းပန်ပါတယ် ဒါက ငါမင်းကို အရမ်းချစ်မိသွားလို့ luhan oh sehun မုန်းတယ် ကျနော် ခင်ဗျားကို အ...