"ကျစ် ဘာလို့ ဖုန်းမကိုင်တာလဲ"
မကိုင်သော ဖုန်းကြောင့် နောက်တစ်ခေါက်ထပ်ခေါ်သည် မကိုင် နောက်ထပ်ခေါ်သည်
"ကိုင်လိုက် စမ်းပါကွာ ဟိုလူကြီး မရှိတုန်းဖုန်းခိုးဆက်ရပါတယ်ဆိုမှ Daniel ရယ်"
ကျနော့် သူငယ်ချင်း Daniel စီဖုန်းလှမ်းဆက်ကာ
အကူအညီတောင်းရန် ဖြစ်သည်"ကိုင်လိုက်ပါ ကျေးဇူးပြုပြီး"
ခိုးသွင်းထားရတဲ့ ဖုန်းအားလေးလည်း ကုန်ပါတော့မယ်
"Hello ? "
တစ်ဖက်က ဖုန်းသံကြောင့် ဝမ်းသာသွားရသည်
"Daniel "
"lu luhan လား "
"ဟုတ်တယ် ငါ့ကို ကယ်ပါဦးကွာ"
"နေ..နေပါဦး မင်းတို့မိသားစု အသတ်ခံလိုက်ရတာ မဟုတ်ဘူးလား"
"ဟုတ်တယ် ဒါမဲ့ ငါမပါဘူး ပါးပါးနဲ့ မားမား ကိုပဲ သတ်သွားတာ ငါက ဒီလူကြီး စီမှာ အဖမ်းခံထားရတာ ငါ့ကို.ကယ်ပါဦး "
"ဘယ်သူလဲ ..မင်းကို ဖမ်းထားတာ"
"ဟို se..sehun တဲ့ အဲ့လူကြီး စီမှာ"
"ကျစ်"
သူ့ဘက်က စုပ်သပ်သည်
"ဘာလို့လဲ Daniel "
"မင်း အဲ့လူကြီး စီမှာ ဆိုရင်တော့ သေလို့ ဝိဥာည် ဖြစ်သွားရင် တောင်မလွတ်ဘူး"
"ဟင်?"
"သူက အာဏာ ကြီးတယ်ကွ ကိုရီးယားနိုင်ငံမှာ သူကအချမ်းသားဆုံး ငါတို့ ကုမ္ပဏီတောင် သူ့စီက
ငွေလေးနဲ့ လည်ပတ်နေရတာ""ဟင့် ဘယ်လိုပဲ ဖြစ်ဖြစ် ငါ့ကို ကယ်ပါကွာ ငါလေ
ဘာပဲ ဖြစ်ဖြစ် ပြန်ပေးပါ့မယ်နော် ဒီလူကြီးက မကောင်းဘူး ငါ့ကို ဆို အမြဲနှိပ်စက်နေတာ ဟင့် ကယ်ပါကွာ""ဟင်း ငါမင်းကို ချစ်ပေမဲ့ ဒါကျတော့မတတ်နိုင်ဘူးကွ တကယ်လို့ မင်းကိုကယ်လိုက်ရင် ငါတို့မိသားစုခေါင်းနဲ့ကိုယ် မမြဲနိုင်တော့ဘူး သူက သူပိုင်တဲ့အရာဆို ဘယ်သူလုယူတာမှ မကြိုက်ဘူး"
YOU ARE READING
ငြိုးမျက်ရယ်မပြေ 🎐Completed🎐
Fanfictionငါ့အမှား အတွက် ငါလုပ်ခဲ့တာတွေအတွက် မင်းကို ဘယ်လို တောင်းပန်ရတောင်းပန်ရ မင်းခွင့်လွှတ်တဲ့ အထိ ငါတောင်းပန်ပါတယ် ဒါက ငါမင်းကို အရမ်းချစ်မိသွားလို့ luhan oh sehun မုန်းတယ် ကျနော် ခင်ဗျားကို အ...