Ch 🎐72🎐

2.9K 174 8
                                    

"လူကြီး "

တံခါးဝက အသံ​လေး​ကြောင့်​ ကြည့်​မိ​တော့ သား​လေးကို လက်​က ဆွဲကာ ရုံးခန်းထဲ ဝင်​လာ​လေ​သောသူ   နှစ်​​ယောက်​လုံးမှာလည်း အ​နွေးအင်္ကျီထူထူက​တွေကြား နစ်​မြုပ်​​နေ​တော့သည်

"က​လေး "

"​နေ့လည်​စာ မစား​သေးဘူးလား "

"က​လေး လာပို့မယ်​ထင်​​နေလို့ မစားထားဘူး "

"တကယ်​လို့ ကျ​နော်​သာ မလာရင်​ ဘယ်​လိုလုပ်​မလဲ ပြီး​တော့ ကျန်းမာ​ရေး ထိခိုက်​ဦးမယ်​ အစားကို အချိန်​မှန်​ မစားဘူး "

ရောက်​ထဲက ပွစိပွစိ​ပြောကာ ကျ​နော်​ စားဖို့အတွက်
နေ့လည်​သာ ပြင်​​ပေး​နေ​သော သူ့အနားသွားထိုင်​မိသည်

"မ​မောဘူးလားကွာ "

သား​လေးကို ​ကောက်​ချီလိုက်​ကာ ​မွှေးကြူလိုက်​ပြီး​ပြောလိုက်​​တော့ သူက ဆတ်​ခနဲ လှည့်​ကြည့်​လာကာ

"ဘာလဲ ကျ​နော်​ စကား​ပြော​နေတာ မကြိုက်​ဘူးလား ဟုတ်​လား မကြိုက်​ရင်​လည်း ရတယ်​​နော်​ ကျ​နော်​တို့ သားအဖပြန်​​တော့မယ်​ သူများက​စေတနာ  နဲ့သူ့ကျန်းမာ​ရေးအတွက်​ ​ပြော​နေတဲ့ဟာကို အပြစ်​တင်​​ချင်​​နေတာ "

ပြန်​သိမ်း​နေပြီဖြစ်​တဲ့ သူ့လက်​​လေးကို  ကိုင်​လိုက်​ကာ
နှုတ်​ခမ်းဖြင့်​ ဖိကပ်​လိုက်​ပြီး

"မဟုတ်​ရပါဘူးကွာ ကိုယ်​က တကယ်​ က​လေး​မော​နေမှာစိုးလို့ပါ "

"မ​မောပါဘူး ကျ​နော်​က ဒီလို လုပ်​​ပေး​နေရတာကို ​ပျော်​​နေတာ "

"အဲ့ဒါဆိုလည်း က​လေး သ​ဘောပါ​ဗျာ "

"အင့်​ အချိန်​လွန်​မယ်​​ နေ့လည်​စာစား​တော့ "

ထမင်းပန်းကန်​​လေး ထိုး​ပေးလာ​ကာ ဟင်း​တွေအစုံ ​ဘေးက​နေထည့်​​ပေးနေ​သော​ကြောင့်​  ပီတိ ဖြစ်​ရပြန်​သည်

"အရမ်း ချစ်​ဖို့​ကောင်းတာပဲ  က​လေးရယ်​ "

"အဲ့ဒါဆို  အ​တွေး​ရေးမှူးအ​ဒေါ်ကြီးနဲ့  ကင်းကင်းရှင်း​ရှင်း​နေ​လေ "

ငြိုးမျက်​ရယ်​မ​ပြေ 🎐Completed🎐Where stories live. Discover now