Ch 🎐62🎐

3.2K 222 10
                                    

"သူ ထမင်းစားပြီလား ​ဒေါ်​လေး "

ဒေါ်​လေးက မျက်​နာမ​ကောင်းဘဲ ​ခေါင်းခါပြသည်

"ဘာဆိုဘာမှမစားဘူးလား "

"မစားဘူး က​လေး သနားပါတယ်​ကွယ်​  baekhyun ​လေးနဲ့ပဲ ​တွေ့ခွင့်​​တောင်း​နေတယ်​ "

"အဲ့ဒါ​တော့  မဖြစ်​နိုင်​​သေးဘူး ​နောက်​မလုပ်​​အောင်​​တော့ အပြစ်​​ပေးရမယ်​ "

"သုံးရက်​​တောင်​ ရှိ​နေပြီ​လေကွယ်​  က​လေးကဘာမှလည်းမစား​တော့  ဖြူ​စုတ်​​နေတာပဲ အိပ်​ယာထဲမှာပဲ  လဲ​နေတာ​ "

"​နောက်​ရက်​​တွေ ကျရင်​​တော့ ပြန်​​တွေ့ခွင့်​​ပေးလိုက်​ပါ့မယ်​ "

"​အေးပါကွယ်​ ​ဒေါ်​လေးက သူ့ကိုသနားလွန်းလို့ပါ "

"ကျ​နော့်​ကို ထမင်းပွဲပြင်​ပြီး လာပို့​ပေး​နော်​ သူစားမလား ​ကျွေးကြည့်​ဦးမယ်​ "

"အင်း အင်း ​ဒေါ်​လေး အရသာ ရှိတာ​လေး​တွေ ပြင်​ပြီးလာပို့​ပေးမယ်​ "

"​ကျေးဇူးတင်​ပါတယ်​ "

အ​ပေါ်ထပ်​ တက်​လာကာ ​သော့ဖွင့်​လိုက်​ပြီး  တံခါးကိုဖွင့်​လိုက်​​တော့ အိပ်​ယာ​ပေါ်၌ ​ဖျော့​တော့စွာ
လဲ​လျောင်း​နေသည်

"xiao luhan "

ကျ​နော်​ ​ခေါ်လိုက်​​တော့ သူက လှည့်​ကြည့်​လာကာ 
ယိုင်​နဲ့​နေ​သော ကိုယ်​လုံး​လေးဖြင့်​ ကုတင်​​ပေါ်က ထကာ ကျ​နော့်​ အနား​ရောက်​လာသည်

"သား​လေး  ..သား​လေးနဲ့ ​တွေ့ခွင့်​​ပေးပါ​နော်​ လူကြီး"

"မရဘူး အဲ့ဒီကိစ္စကို လာမ​ပြောနဲ့  မင်းအပြစ်​နဲ့ မင်းပဲ အစကတည်းက ဒီလို မလုပ်​ခဲ့သင့်​ဘူး "

"ကျ​နော်​ ​တောင်းပန်​ပါတယ်​  မှားမှန်းလည်းသိပါတယ်​  ​နောက်​မလုပ်​​တော့ပါဘူး​နော်​  သား​လေးနဲ့​ ကျေးဇူးပြုပြီး ပြန်​​တွေ့ခွင့်​​ပေးပါ "

"မရဘူး xiao luhan "

"ကျ​နော်​ ​တောင်းပန်​ပါတယ်​ ဒီလို  ဒီလိုမျိုး ​တောင်း​ပန်​ပါတယ်​ ခွင့်​လွှတ်​​ပေးပါ "

ငြိုးမျက်​ရယ်​မ​ပြေ 🎐Completed🎐Dove le storie prendono vita. Scoprilo ora