"han လေး "
ဒန်းပေါ်မှာ ထိုင်နေရင်း ရောက်လာသော kai hyung ကြောင့် မော့ကြည့်လိုက်မိသည်
"ငိုက်တိုင်တိုင်နဲ့ ဘာဖြစ်နေတာလဲ"
kai hyung ကို ပြုံးပြကာ ခေါင်းခါလိုက်သည်
"ဘာမှမဖြစ်ရင်လည်း ငူငုငိုင်ငိုင်ကြီး မနေနဲ့လေကွယ် ကိုယ်က ငူငိုင်နေတော့ ဗိုက်ထဲက ကလေးကို ထိခိုက်မယ်လေ"
hyung အပြောကြောင့် ဗိုက်လေးကိုကိုင်လိုက်မိသည်
ကျနော်လည်း ငူငုငိုင်ငိုင်ကြီး မနေချင်ပါဘူး
ဒါမဲ့လည်း ဒီလိုဖြစ်အောင် လုပ်နေတဲ့သူက ရှိနေတယ်လေ
လူကို ထင်ယောင်ထင်မှားတွေ ဖြစ်အောင် ဂရုစိုက်ပြလိုက် သူ့ဟာမနဲ့ ပျော်ပါးနေလိုက်နဲ့ စိတ်အပြောင်းအလဲမြန်လွန်းတဲ့ လူကြီးကြောင့် စိတ်ထဲ၌ ကလိကလိဖြင့် နေလို့ထိုင်လို့မကောင်း
လူကို ရင်ခုန်အောင် လုပ်တယ် ပြီးရင်လည်း
သူက ရင်နာအောင် ထပ်လုပ်ပါသေးတယ်အနာပေးလိုက်ဆေးပေးလိုက်ဖြင့်
လူကို ခံစားရအောင် လုပ်တယ် ပြီးရင် ကြင်နာပြပြန်ရော
ဒီလို အမျိုးမျိုး ပြောင်းလဲနေတဲ့ လူကြီးကို ကျနော်
ရဲရဲတင်းတင်း မချစ်ရဲဘူးချစ်ချင်ပါတယ် ဒါမဲ့ မချစ်ရဲဘူး လူကြီးက အရမ်းအပြောင်းအလဲ မြန်လွန်းတယ်
တစ်ခါတစ်လေ သူ့ရဲ့ ဂရုစိုက်မှုတွေ ကြင်နာမှုတွေကြား မျောပါသွားတတ်သည်
လူကြီးက အရမ်းပြုစားနိုင်လွန်းတယ်
သူ့ကို အရမ်းမုန်းနေတာတောင် ချစ်လာနိုင်တဲ့ အထိ ပြုစားလွန်းတယ်
ကျနော် လူကြီးကို ချစ်တယ် ဒါမဲ့...ဒါမဲ့ လူကြီးက
ကျနော့်ကို ဘယ်တော့မှ ချစ်လာမှာ မဟုတ်ဘူး
YOU ARE READING
ငြိုးမျက်ရယ်မပြေ 🎐Completed🎐
Fanfictionငါ့အမှား အတွက် ငါလုပ်ခဲ့တာတွေအတွက် မင်းကို ဘယ်လို တောင်းပန်ရတောင်းပန်ရ မင်းခွင့်လွှတ်တဲ့ အထိ ငါတောင်းပန်ပါတယ် ဒါက ငါမင်းကို အရမ်းချစ်မိသွားလို့ luhan oh sehun မုန်းတယ် ကျနော် ခင်ဗျားကို အ...