"ငါ..ငါတို့ ပြန်တော့မယ် airport ကိုလဲ လိုက်ပို့မနေနဲ့တော့ "
မျက်နာကြီးရဲကာ စကားတွေပင် ထစ်နေသည်
ညက ကိစ္စကြောင့်ပေါ့ သားလေးကို နို့တိုက်ခိုင်းဖို့ အခန်းထဲ ဝင်လာတဲ့ omma က ကျနော်တို့ရဲ့ ပုံရိပ်တွေကို မြင်ပြီး အရှက်သည်းနေသည်မှာ အခုထိ
ကျနော်တို့ မျက်နာမြင်တိုင်း မျက်နာကြီးက ရဲနေတတ်သည်
ဘေးက အကောင်လေးမှာလည်း ခေါင်းငုံ့ထားကာ မျက်နာရဲနေသည်
"ကဲ လိမ်လိမ်မာမာ နေကြနော် တစ်ယောက်နဲ့တစ်ယောက်လည်း ဂရုစိုက်ကြ "
"ဟုတ်ကဲ့ appa "
"ဟုတ်ကဲ့ "
"မင်းတို့ omma ကတော့ ဟိုမှာ ရှက်ပြီး ကားပေါ်တောင်ရောက်နေပြီ "
"omma ကလည်း ရှက်စရာမရှိဘဲ ရှက်နေတယ်"
"ဒါနဲ့ မင်းဘာလို့ တံခါး မပိတ်ထားတာလဲ ငါသေချာပိတ်ခိုင်းတဲ့ ဟာကို"
"မေ့သွားတာ လောနေလို့ "
"မင်းကတော့ ဖြစ်ရမယ်ကွာ ဘာပဲဖြစ်ဖြစ် မင်းငတ်သွားပြီပေါ့ "
"ဒါပေါ့ appa ရယ် "
"သွားပြီနော် "
"ဟုတ်ကဲ့ "
appa တို့ ကားလေး ပျောက်ကွယ်သွားတဲ့ အထိ ကြည့်နေလိုက်ပြီးမှ အထဲ ဝင်လာခဲ့သည်
"ညက ကိစ္စကြောင့် ရှက်နေသေးတာလား "
"နည်းနည်းပါးပါးပါ ဘာမှဖြစ်ခဲ့ကြသေးတာမှ မဟုတ်တာ"
"အင်း "
"လူကြီး company သွားမှာ မှတ်လား "
"အင်း သားလေး မနိုးသေးဘူးလား "
"နိုးနေပြီ ဟိုမှာ ထိုင်နေတယ် "
သူပြောလို့ကြည့်မိမှ သားလေးက ကြမ်းပြင်ပေါ်
ခင်းပေးထားသော မွေ့ယာပေါ်၌ အရုပ်တွေ ပတ်လည်ဝိုင်းကာ ဆော့နေသည်
ESTÁS LEYENDO
ငြိုးမျက်ရယ်မပြေ 🎐Completed🎐
Fanficငါ့အမှား အတွက် ငါလုပ်ခဲ့တာတွေအတွက် မင်းကို ဘယ်လို တောင်းပန်ရတောင်းပန်ရ မင်းခွင့်လွှတ်တဲ့ အထိ ငါတောင်းပန်ပါတယ် ဒါက ငါမင်းကို အရမ်းချစ်မိသွားလို့ luhan oh sehun မုန်းတယ် ကျနော် ခင်ဗျားကို အ...