~ထစ် ထော့ ထစ် ထော့ ထစ် ထော့~
နာရီသံတွေ က တိတ်ဆိတ်နေသော ညသန်းခေါင်ယံမှာကျယ်လောင်စွာ မြည်နေသည်
အခန်းထဲမှ ခြေသံဖွ နင်းကာ ပတ်ဝန်းကျင်ကို
ကြည့်လိုက်သည်ဘာမှမတွေ့ရတော့ ခြေသံကိုဖွနင်းကာ ထိုအခန်း
ထဲမှ ထွက်လာခဲ့သည် မနေနိုင်တော့ဘူး
ဒီအိမ်ကြီးမှာ မနေနိုင်တော့ပါဘူး ဒါကြောင့်
ခိုးထွက်လို့ရရန် အမြဲချောင်းနေခဲ့တာကြီးမားလှတဲ့ အိမ်ကြီးထဲ ဟိုသည်ပြေးကာ ထွက်ရမဲ့အပေါက်စီ အလျင်အမြန်ပြေးသည်
ပြတင်းပေါက်က သော့လေးကို ဖြေးဖြေးလေး ဖွင့်ပြီး
အပြင်သို့ ခုန်ဆင်းလာခဲ့သည်~အ..~
တင်ပါးအောင့်တက်သွားသောကြောင့် အော်ပြီးသွားမှ ပါးစပ်ကို လက်ဖြင့်အသာ အုပ်ထားရသည်
တော်သေးတာပေါ့ အလုပ်သမားဖြစ်တဲ့ ကျနော့်ကို
အောက်ထပ်မှာထားလို့
အပေါ်ထပ်မှာသာဆို ခြေတွေလက်တွေ ကျိုးကုန်မလားပဲဖြေးဖြေးချင်းထလိုက်ကာ ခြံတံခါးစီ သုတ်ခြေတင်ပြေးရတော့သည်
ကျယ်လိုက်တဲ့ ခြံကြီး သေမလောက်ပြေးပြီးသွားမှ
ခြံတံခါးကို တွေ့လိုက်ရသောကြောင့် ပျော်သွားရကာအမြန်ပြေးရသည်
"လွတ်ပြီဟေ့ အင့် "
ဂုတ်ကအဆွဲခံလိုက်ရသောကြောင့် ယက်ကန်ယက်ကန် ဖြစ်နေသည်
အနောက်ကိုလှည့်ကြည့်လိုက်တော့ မဲ့ပြုံးဖြင့်ကြည့်နေသော ထိုလူကြီး
"ဟက် ခြေထောက်လှလှလေးတွေက ထွက်ပြေးချင်နေတယ်ပေါ့လေ"
"............"
"နှစ်ချောင်းလုံးကို ရိုက်ချိုးလိုက်!!"
😭😭😭
ညသန်းခေါင်ယံ ပင်ပန်းသောကြောင့် အိပ်မောကျနေသည်
YOU ARE READING
ငြိုးမျက်ရယ်မပြေ 🎐Completed🎐
Fanfictionငါ့အမှား အတွက် ငါလုပ်ခဲ့တာတွေအတွက် မင်းကို ဘယ်လို တောင်းပန်ရတောင်းပန်ရ မင်းခွင့်လွှတ်တဲ့ အထိ ငါတောင်းပန်ပါတယ် ဒါက ငါမင်းကို အရမ်းချစ်မိသွားလို့ luhan oh sehun မုန်းတယ် ကျနော် ခင်ဗျားကို အ...