"ပြီးတော့ လူကြီးကို ချစ်လို့ "
"ဟင် ? "
သူ့ စကားကြောင့် အံ့သြ သွားရကာ လှည့်ကြည့်လိုက်မိသည်
"ကျနော်လည်း လူကြီးကို ချစ်တယ် လို့ "
သူကလည်း မျက်ရည်တွေကျနေသည်
"ဘာလို့ ငိုနေတာလဲကွာ မငိုပါနဲ့ "
"လူကြီးကို အားနာတယ် အရမ်း အားနာလွန်းလို့ ဒီအိမ်မှာဆက်မနေရဲတော့လို့ ထွက်သွား ချင်မိတာ ကိုယ့်ကိုသတ်ဖို့ကြံရွယ်ခဲ့တဲ့ ကျနော့်ကို အပြစ်မတင်ဘဲအရမ်းချစ်ပြနေတာ့ ကျနော် အရမ်း အားနာတယ် လူကြီးကို မျက်နာချင်းတောင် မဆိုင်ရဲတော့ဘူး အရမ်းအားနာမိတယ် "
"မဟုတ်တာ ကိုယ့်လုပ်ခဲ့တဲ့ အပြစ်တွေအတွက် ဒီလောက်ကတော့ ဘာမှမဖြစ်ပါဘူးကွာ "
"လူကြီးက အဲ့လိုပြောနေလေ ကျနော်က ပိုအားနာလာရလေပဲ ပြီးတော့ ကျနော် အရမ်းရှက်တယ် ကိုယ် ချစ်တဲ့ သူကိုတောင် အိပ်မက်လေးတစ်ခု အတွက်နဲ့ သတ်ဖို့ကြံရွယ်ခဲ့လို့ အရမ်းရှက်မိတယ် သေတဲ့ သူက ပြန်ရှင်မလာနိုင်မှန်းသိပေမဲ့ စဉ်းစာဥာဏ်မရှိဘဲ ကလဲ့စား ပြန်ချေဖို့
စဉ်းစားခဲ့တဲ့ ကိုယ့်အဖြစ်ကို တွေးမိတိုင်း အရမ်းရှက်မိတယ် ကိုယ် ချစ်တဲ့လူကိုတောင်
သတ်မိတော့မလို့ ""ရပါတယ် ကိုယ်ဆိုလည်း ကလေးလိုပဲ လုပ်မိမှာပါ ကလေး အမှား မဟုတ်ပါဘူး အဲ့အတွက်ဆိုရင်တော့ လုံးဝ ဝမ်းမနည်းနဲ့နော် ကိုယ်က ဘာမှမဖြစ်ဘူး ကိုယ် နားလည်ပါတယ်ကွာ ကလေး မထွက်သွားဘူးဆိုရင် ကိုယ်က ကျေနပ်ပြီးသားပါ "
"..........."
"ကလေး ကိုယ့်စီက မထွက်သွားတော့ဘူး မှတ်လား ဟင် "
"ဟင့်အင်း မသွားတော့ဘူး ကျနော်လည်း လူကြီးကို ချစ်တယ် အရမ်းချစ်တယ် လို့ လူကြီးကို မုန်းနေတဲ့ကြားကတောင် ချစ်မိသွားတာ လူကြီးက ပြုစားလွန်းလို့ အရာအားလုံးကို မေ့ပြီး ချစ်ခဲ့တာ "
DU LIEST GERADE
ငြိုးမျက်ရယ်မပြေ 🎐Completed🎐
Fanfictionငါ့အမှား အတွက် ငါလုပ်ခဲ့တာတွေအတွက် မင်းကို ဘယ်လို တောင်းပန်ရတောင်းပန်ရ မင်းခွင့်လွှတ်တဲ့ အထိ ငါတောင်းပန်ပါတယ် ဒါက ငါမင်းကို အရမ်းချစ်မိသွားလို့ luhan oh sehun မုန်းတယ် ကျနော် ခင်ဗျားကို အ...