Ch 🎐58🎐 🍑🍑

3.9K 226 5
                                    

"ကြယ်​သီး လာဖြုတ်​​ပေး "

လှမ်း​ခေါ်လိုက်​​တော့  အိပ်​ယာကို ပြင်​​နေတဲ့ သူက အနား​ရောက်​လာကာ  ကြယ်​သီးလာဖြုတ်​​ပေး​နေသည်

"ကျ​နော်​ ဒီည သားကို  ​ခေါ်အိပ်​ချင်​တယ်​ "

"ရတယ်​ "

"​ကျေးဇူးတင်​ပါတယ်​ "

ကြယ်​သီး​တွေ အကုန်​ဖြုတ်​​ပေးကာ  အခန်းထဲက​နေ  ထွက်​သွားသည်

ကုတင်​​ပေါ် တက်​ကာ ​ခေါင်းရင်းကို ​ကျောမှီလိုက်​ပြီး
မပြီးပြတ်​​သေးတဲ့ company က အလုပ်​​တွေ လုပ်​​နေလိုက်​သည်

တ​အောင့်​​နေ​တော့ သူနဲ့အတူ သားပါ ပါလာသည်

သားကို ကုတင်​နားထားခဲ့ကာ သူက ​ရေချိုးခန်းထဲ ဝင်​သွား​တော့  သားက စိတ်​မရှည်​ဘူးထင်

သူ့​ခြေ​ထောက်​ တိုတို​လေး​တွေဖြင့်​ ကုတင်​​ပေါ် ခွတက်​​နေသည်

~အင့်​ အီး အီး အ ~

"appa တင်​​ပေးမယ်​ "

သားကိုယ်​လုံး လုံးလုံးကစ်​ကစ်​​လေးကို ကုတင်​​ပေါ် မတင်​​ပေးလိုက်​​တော့  သားကရယ်​ကာ

ကျ​နော့်​​ဘေးမှ ထိုင်​ပြီးကျ​နော်​လုပ်​တာ​တွေကိုကြည့်​​နေသည်

"သား "

ရုတ်​တရက်​ ထွက်​​ပေါ်လာ​သော အသံနှင့်​အတူ သားကိုလည်း  ဟိုဘက်​​ဘေးကိုပို့လိုက်​သည်

မျက်​​မှောင်​ကြုတ်​ ကြည့်​လိုက်​ကာ

"ဘာလုပ်​တာလဲ "

"​တောင်းပန်​ပါတယ်​ လူကြီး ကျ​နော်​ ​ရေချိုးခန်းထဲ သွား​နေလို့ သား​လေးကို မထိန်းသိမ်းလိုက်​နိုင်​ဘူး"

"​တော်​ပါ​တော့ xiao luhan ရယ်​ ​တော်​ပါ​တော့ ထပ်​ပြီး ဒီလိုမျိုး မ​နေပါနဲ့​တော့ကွာ "

".............."

"ငါလည်း သား​လေးရဲ့ အ​ဖေပါ ​ကျေးဇူးပြုပြီး ငါ့နဲ့ သားကို မခွဲထားပါနဲ့​တော့ကွာ "

"ဟင့်​အင်း ဒါ ကျ​နော်​ တစ်​​ယောက်​တည်းရဲ့ သားပါ "

"မဟုတ်​ဘူး ငါနဲ့ ရထားတာ"

ငြိုးမျက်​ရယ်​မ​ပြေ 🎐Completed🎐Donde viven las historias. Descúbrelo ahora