~you are my everything ~
"ပြော "
"luhan shi ငိုနေတယ် boss"
"ဘာ မငိုစေနဲ့လေ မင်းတို့ ဘယ်လိုလုပ်နေတာလဲ"
"သူက boss ကို မေးတယ် boss မလာဘူးဆိုတော့ ငိုနေတာပါ "
"ကျစ် မငိုစေနဲ့ကွာ "
"ဟို ကျနော်တို့ကိုလည်း အပြင်မှာ နေခိုင်းတယ် အထဲမဝင်ခိုင်းဘူး boss "
"ခက်တာပဲကွာ ငါ ခဏနေရင် လာခဲ့မယ် "
"ဟုတ်ကဲ့ "
ဖုန်းချလိုက်ပြီး လုပ်လက်စ အလုပ်ကိုဆက်လုပ်နေလိုက်သည်
"ဒေါ်လေး kim ကျနော့် ကြက်ပေါင်း ရည် အဆင်ပြေလား ကြည့်ပါဦး "
ကျနော် ခေါ်လိုက်တော့ ဒေါ်လေးက အနားရောက်လာကာ မြည်းကြည့်ပေးသည်
သူ့အတွက် ကျနော်ကိုယ်တိုင် ကြက်ပေါင်းရည် ပြင်ပေးနေတာ
"ကောင်းပါတယ် သခင်လေး အခုမှ စလုပ်တယ်လို့မထင်ရဘူးနော် ကောင်းလိုက်တာ "
"ကျေးဇူးပါပဲ ကျနော့်ကို ဒါလေး သေချာ ဘူးထဲထည့်ပေးထားပါနော် "
"ဟုတ်ကဲ့ သခင်လေး "
မီးဖိုခန်းထဲက ထွက်လာကာ အခန်းထဲဝင်ပြီး ရေချိုးရတော့သည်
တကိုယ်လုံး ဟင်းနံ့တွေကိုလှိုင်နေတာပဲ
ရေအမြန်ချိုးကာ အင်္ကျီလည်း အဆင်ပြေတာ ကောက်စွတ်လိုက်ပြီး ဒေါ်လေး kim နဲ့ Taeji နဲ့ရယ် ဆေးရုံကို ထွက်လာခဲ့သည်
"ဒေါ်လေးတို့ သွားနှင့် ကျနော် ကားပါကင်ထိုးလိုက်ဦးမယ် "
"ဟုတ်ကဲ့ "
အဆင်ပြေတဲ့ နေရာမှာ ကားပါကင်ထိုးလိုက်ပြီး
သူရှိနေမဲ့အခန်းထဲ ပြေးလာခဲ့တော့သည်"သားလေးရယ် မငိုပါနဲ့ကွယ် ကလေးမွေးထားရင်မငိုရဘူး "
ESTÁS LEYENDO
ငြိုးမျက်ရယ်မပြေ 🎐Completed🎐
Fanficငါ့အမှား အတွက် ငါလုပ်ခဲ့တာတွေအတွက် မင်းကို ဘယ်လို တောင်းပန်ရတောင်းပန်ရ မင်းခွင့်လွှတ်တဲ့ အထိ ငါတောင်းပန်ပါတယ် ဒါက ငါမင်းကို အရမ်းချစ်မိသွားလို့ luhan oh sehun မုန်းတယ် ကျနော် ခင်ဗျားကို အ...