ဟက် နောက်ဆုံးတော့ ခင်ဗျားရဲ့ ပျော့ကွက်က
ကျနော်ပေါ့လေ သိကြပြီပေါ့လူကြီးရယ်
ကျနော်က ခင်ဗျားကြီးကို ကောင်းကောင်း လက်စားချေတော့မယ်ဒေါ်လေး kim ပြတဲ့ ကျနော်နဲ့ တူပြီး ကျနော်မဟုတ်တဲ့ လူတစ်ယောက်ရဲ့ ပုံကို မဲ့ပြုံးဖြင့်ကြည့်နေမိသည်
သူ့ယောကျာ်းကို တော်တော်လေး ချစ်ခဲ့သည်ဆိုပဲ
ဒါမဲ့ အဲ့ hyung က သူ့ကိုပစ်သွားပြီး မိန်းမယူသွားသည်တဲ့လေ
အဲ့အချိန်ထဲက စပြီး အပြုံးအရယ်ကင်းသွားပြီး
ရက်စက်သွားသည် တဲ့ဒီတော့ အဲ့ hyung နဲ့တူတဲ့ ကျနော်က သူ့အမုန်းတွေကို ခံရတော့တာပေါ့
ဒါမဲ့ ခင်ဗျားကြီး ကျနော့်ကိုတော့ သတ်ပစ်မှာမဟုတ်ဘူး ကျနော်က ခင်ဗျား ယောကျာ်းနဲ့ ရုပ်တူနေလို့လေ
"အဲဒါ ဘာလုပ်နေတာလဲ ? "
သူ့အလာကို တံခါးဝကစောင့်နေရင်း အတွေးနယ်လွန်နေချိန် ကြားလိုက်ရတဲ့ သူ့အသံကြီးကြောင့်
တစ်ကိုယ်လုံး တုန်တက်သွားရသည်"ဘာ..ဘာမှမလုပ်ပါဘူး.."
"ဖိနပ် ချွတ်ပေး "
"ဟုတ်ကဲ့"
ခြေထောက်ကို ရှေ့ထိုးပေးလိုက်တော့ ဒူးထောက်ထိုင်ချကာ ချွတ်ပေးလာသည်
ဟိုတလောက ဆုံးမပြီးထဲက သိပ်ပြီး မပုန်ကန်တော့
"ရော့ အိတ် "
"ဟုတ်"
အိတ်ကို ပစ်ပေးလိုက်တော့လည်း ဖမ်းထားပြီး
အနောက်မှ လိုက်လာသည်အခန်းတံခါးကို ဖွင့်ကြည့်လိုက်တော့ သပ်ရပ်နေသည်
"မဆိုးပါဘူး "
ဗီရိုကို ဖွင့်ကြည့်တော့လည်း စီစီရီရီ ထည့်ထားသည်
"ဒါတွေ တစ်ယောက်ထဲ လုပ်တာလား?"
"ဟုတ်"
YOU ARE READING
ငြိုးမျက်ရယ်မပြေ 🎐Completed🎐
Fanfictionငါ့အမှား အတွက် ငါလုပ်ခဲ့တာတွေအတွက် မင်းကို ဘယ်လို တောင်းပန်ရတောင်းပန်ရ မင်းခွင့်လွှတ်တဲ့ အထိ ငါတောင်းပန်ပါတယ် ဒါက ငါမင်းကို အရမ်းချစ်မိသွားလို့ luhan oh sehun မုန်းတယ် ကျနော် ခင်ဗျားကို အ...