Ch 🎐86🎐 Extra

2.7K 162 10
                                    

"က​လေး "

"အင်း...ဟင်း.."

"ထ​တော့​လေ "

"ဟင့်​အင်း အိပ်​ချင်​သေး​တယ်​"

"က​လေးကကွာ "

"လူကြီးကလည်း ထချင်​​သေးဘူး​လေ​နော်​ "

မျက်​လုံး​လေး ​သေး​သေး​လေး ပွင့်​လာကာ  နှုတ်​ခမ်း​လေးဆူကာ ချွဲ​နေသည်

"ညက များသွားတာ​လေ​နော်​ ကျ​နော်​ အရမ်း
ပင်​ပန်း​နေတယ်​ "

"က​လေး ပဲ company လိုက်​မယ်​ဆို "

"ဟုတ်​သားပဲ "

သူက မျက်​လုံး​လေး ​သေချာဖွင့်​ကာ ထ ထိုင်​သည်

"​ရေသွားချိုးဦးမယ်​ ချီ"

လက်​​လေး ဆ​န့်​တန်း​ပေးလာ​သော​ကြောင့်​ က​လေး ချီသလို  ချီကာ ​ရေချိုးခန်းထဲ လိုက်​ပို့လိုက်​သည်

သူနဲ့ ​ရေအတူချိုးကာ အင်္ကျီလည်း သူပြင်​​ပေးတာ​လေးပဲဝတ်​ကာ  ​အောက်​ထပ်​ ဆင်းလာ​တော့

အမြွှာ​လေးနှစ်​​ယောက်​က  appa နဲ့ omma စီမှာ ကစား​နေတယ်

"appa တို့​ရောက်​​နေတာလား "

"အင်း "

"ကျ​နော့်​ကို မ​ပြောဘူး ကျ​နော်​ လာကြိုမှာ​ပေါ့ "

"ရပါတယ်​ ​ရောက်​​နေပြီပဲကို  ဒါနဲ့ငါ့​မြေး baekie ​လေး ​ရောက်​​နေတယ်​မှတ်​လား "

"ဟုတ်​ကဲ့ "

"သွားနှိုးလိုက်​​တော့​လေ ငါလွမ်းလှပြီ "

"လူကြီး ထိုင်​​နေ ကျ​နော်​ပဲ သွားနှိုးလိုက်​မယ်​ "

ကျ​နော့်​ကို ဆိုဖာမှာပဲ ထိုင်​​စေကာ သူကိုယ်​တိုင်​ သွားနှိုး​ပေးမယ်​​ပြော​သော​ကြောင့်​ ပီတိဖြစ်​ရပြန်​သည်

"luhan ​လေးက ​နောက်​ကိုယ်​ဝန်​နဲ့လား "

"ဟုတ်​တယ်​ omma က သိလှချည်​လား "

omma မဲ့ရွဲ့ကာ

"နင်​လည်း က​လေးကိုအနားကိုမ​ပေးဘူး​နော်​အမြဲ​ဗိုက်​နဲ့ချည်းပဲ "

ငြိုးမျက်​ရယ်​မ​ပြေ 🎐Completed🎐Donde viven las historias. Descúbrelo ahora