"ကလေး ပြင်လို့ ပြီးပြီလား "
"ခဏလေးပါ လူကြီးရဲ့ အင်္ကျီတွေက နည်းနည်း ကြပ်နေလို့ ချောင်တာလေးရှာနေတာ "
"ဗိုက်လေးက တော်တော်ပူနေလို့လား ကလေး "
"အရမ်းတော့ မပူသေးပေမဲ့ နည်းနည်းဖောင်းနေပြီ "
"ကြီးတဲ့အင်္ကျီတွေပါတယ်မှတ်လား အဲ့ဒါ တွေ ဝတ်လိုက်လေ "
"ရှာနေပါတယ်ဆို လူကြီး ရဲ့ "
"အင်း ကိုယ်အောက်မှာ သရက်သီးခွဲထားသေးတယ်အဲ့ဒါမသွားခင်စားသွားရမယ်နော် "
"နှစ်ခါ ပြောစရာမလိုဘူး "
သူ့အပြောကြောင့် ပြုံးမိသည်
ပန်းသရက်သီးကို အဲ့သလောက်တောင်ကြိုက်လေသလား
တံခါးရှေ့ကနေ အောက်ကိုပြန်ဆင်းလာလိုက်ကာ
ဆိုဖာမှာ ထိုင်နေလိုက်သည်ခဏနေတော့ ဆင်းလာပါပြီ
"လူကြီး သရက်သီးဆို ဘယ်မှာလဲ "
"ဒီမှာလေ ကိုယ့်ဘေးကိုလာ "
"ဟုတ် "
ဘေးတွင်လာထိုင်ကာ ကျနော့်ကိုတောင် မကြည့်တော့ဘဲ သရက်သီးကိုသာ သည်းကြီးမဲကြီး စားနေသည်
သရက်သီးတွေကိုတောင် မနာလိုသွားပြီ
ဘယ်လောက်မှမကြာလိုက် သရက်သီး တစ်ပန်းကန်လုံးကုန်သွားသည်
"juice လုပ်ပေးထားတယ် "
သူက မျက်လုံးပြူးသွားကာ
"တကယ်လား လူကြီး "
"အင်း "
"ကျေးဇူးတင်တယ်ရယ် 😁"
"သောက်ကြည့် ကောင်းလားလို့ ကိုယ်ကတစ်ခါမှမလုပ်ဖူးတော့ မကောင်းမှာ စိုးရိမ်နေတာ."
သူက ဖန်ခွက်လေးကို ယူပြီး တစ်ငုံသောက်သည်
ကျနော်ကတော့ ရင်တမမဖြင့် အရသာ မရှိမှာကိုစိုးရိမ်နေမိသည်
DU LIEST GERADE
ငြိုးမျက်ရယ်မပြေ 🎐Completed🎐
Fanfictionငါ့အမှား အတွက် ငါလုပ်ခဲ့တာတွေအတွက် မင်းကို ဘယ်လို တောင်းပန်ရတောင်းပန်ရ မင်းခွင့်လွှတ်တဲ့ အထိ ငါတောင်းပန်ပါတယ် ဒါက ငါမင်းကို အရမ်းချစ်မိသွားလို့ luhan oh sehun မုန်းတယ် ကျနော် ခင်ဗျားကို အ...