Ch 🎐30🎐

3.4K 244 13
                                    

"omma ​ရေ appa ​ရေ "

သူမက အသံ​ပေးကာ  လက်​ထဲက အထုပ်​​တွေနဲ့ အိမ်​ဝင်​လာသည်

"ဪ  xiao luhan  omma တို့​ရော "

"......"

"ဟယ်​ hunnar ​ရောက်​လာပြီလား သမီး လာလာ အထဲကို "

မားက ထိုမိန်းမကို  ဧည့်​ခန်းထဲကို ​ခေါ်သွားသည်

ကျ​နော်​လည်း အ​နောက်​က လိုက်​ဝင်​လာလိုက်​ပြီး

ဒေါ်​လေး kim နဲ့ မီးဖိုထဲမှာ  ဝိုင်းကူ​နေလိုက်​သည်

"hun ​ရော omma "

"အမယ့်​​လေး သား​တော်​​မောင်​က အိပ်​​နေ​သေးတယ်​ ​လေ ညက ဘာလုပ်​​နေလဲမှ မသိတာ  ​နေမြင့်​တာ​တောင်​မနိုး​သေးဘူး"

"တစ်​ခုခု လုပ်​​နေလို့​နေမှာ​ပေါ့ omma ရယ်​ သမီး သွားနှိုးလိုက်​ရမလား "

သူမ စကား​ကြောင့်​ ဆတ်​ခနဲ လှည့်​ကြည့်​လိုက်​သည်

ဘာလဲ ဘာလို့ သူက သွားနှိုးရမှာလဲ
ယောကျာ်းတစ်​​ယောက်​ အိပ်​​နေတဲ့ အခန်းကို သူက ဘာလို့ လက်​လွှတ်​စပယ်​ ဝင်​ချင်​​နေရတာလဲ

"မသွားနဲ့  သမီး သူ့​ယောကျာ်း သွားနှိုးလိမ့်​မယ်​"

"ရပါတယ်​ omma ရယ်​ အရင်​ကလည်း သမီးပဲ ဝင်​နှိုး​နေကျပဲကို အခုလည်း ဝင်​သွားလိုက်​မယ်​​လေ"

"မ​ကောင်းပါဘူးကွယ်​ သူ့​ယောကျာ်းပဲ နှိုးပါ​စေ "

"ဟင်း  ပြီး​ရော​လေ..."

"သား​လေး luhan sehun ​လေးကို သွားနှိုးလိုက်​ပါကွယ်​"

မားကို ​ခေါင်းညိမ့်​ပြကာ  အ​ပေါ်ထပ်​ကို ​ဖြေး​ဖြေးချင်း တက်​လာခဲ့သည်

အခန်းထဲ​ရောက်​​တော့ သူက ကုတင်​​ပေါ်တွင်​  မရှိ​တော့
နိုး​နေပြီလား

ရေချိုး​နေတာထင်​သည်​     ကျ​နော်​လည်း   အိပ်​ယာ​တွေ ​ခေါက်​သိမ်း​နေလိုက်​ပြီး  သူထွက်​လာတာကို
စောင့်​​နေလိုက်​သည်

ငြိုးမျက်​ရယ်​မ​ပြေ 🎐Completed🎐Where stories live. Discover now