Ch 🎐28🎐

3.8K 237 15
                                    

နောက်​ပိုင်း  chapter ​တွေက က​ပြောင်းကပြန်​​တွေဖြစ်​​နေလို့  chapter နံပါတ်​​လေး​တွေကို ​သေချာကြည့်​ပြီးဖတ်​​ပေးကြပါ​နော်

ဘာဖြစ်​တာလဲ​တော့ သာသာလည်း မသိပါဘူး

❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

"နိုး​နေတာ ကြာပြီလား "

သူက ​ခေါင်းခါပြသည်​   ဒါ​ကြောင့်​ omma က သူ့​ဗိုက်​က နှစ်​လ​လောက်​ ရှိပြီ ​ပြောတာကိုး

ကိုယ်​ဝန်​က ထပ်​ရှိ​နေပြန်​ပြီတဲ့​လေ

"အပြန်​ ဘာဝယ်​ခဲ့ရမလဲ"

သူက ​ခေါင်းထပ်​ခါသည်

"ဒီမှာ xiao luhan မူယာမာယာ များမ​နေနဲ့ ငါကလည်း ဝယ်​​ပေးချင်​လွန်းလို့ မဟုတ်​ဘူး omma တို့ ​ရောက်​​နေလို့ ဟန်​​ဆောင်​ ဝယ်​​ပေးရုံပဲ ​ပြော  ဘာလိုချင်​လဲ "

ခေါင်းပဲ ထပ်​ခါသည်

"မလိုချင်​ရင်​လည်း ​နေ ငါကလည်း အရမ်းကြီး ဝယ်​​ပေးချင်​​နေတာ မဟုတ်​ပါဘူး ပိုက်​ဆံကုန်​​တောင်​ သက်​သာ​သေးတယ်​"

ကိုယ့်​ဘာကိုယ်​​ပြော  ကိုယ့်​ဘာကို  ​ဒေါသထွက်​ကာ ​ရေချိုးခန်းထဲ ဝင်​လာခဲ့သည်

တော်​​တော်​ ​သွေး​အေး​အေး ​နေနိုင်​တယ်​  xiao luhan ဘယ်​အချိန်​ထိ ​သွေး​အေးနိုင်​လဲ ကြည့်​ရ​သေးတာ​ပေါ့

ရေချိုးပြီး ပြန်​ထွက်​လာ​တော့ သူက အင်္ကျီ​လေး ကိုင်​ထားကာ ​စောင့်​​နေသည်

နောက်​​တော့ အင်္ကျီဝတ်​​ပေးသည်
အရပ်​​လေးက ပုပု​လေးမို့ နက်​ခ်​တိုင်​ စည်း​ပေးတဲ့အခါ ​ခြေဖျား​ထောက်​ရသည်

"ဘာလို့ ကိုယ်​ဝန်​ရှိ​နေတာ  ငါ့ကိုမ​ပြောပြတာလဲ "

".........."

"ငါ ​မေးတုန်းက​ရော ဘာလို့ ​ခေါင်းခါတာလည်း "

".........."

"​ငါ​မေး​နေတယ်​​လေ  xiao luhan !! "

ဒေါသထွက်​ကာ ​အော်​မိ​တော့ တကိုယ်​လုံး တုန်​တက်​သွားသည်

ငြိုးမျက်​ရယ်​မ​ပြေ 🎐Completed🎐Where stories live. Discover now