Ch ~77~ 🍑🍑

3.6K 206 22
                                    

~​အော့  အွတ်​...​အော့ ​ဝေါ့ .အွတ်​ ~

"က​လေး ဘာဖြစ်​တာလဲ ရရဲ့လား "

"​ဝေါ့ ရတယ်​ ရတယ်​ လူကြီး အွတ်​ ​အော့ "

"အစာမ​ကြေလို့လား က​လေး "

"ဟုတ်​​လောက်​မယ်​ ထင်​တယ်​ "

ပလုတ်​ကျင်းလိုက်​ကာ ညဝတ်​အင်္ကျီဖရိုဖရဲ​လေးကို ​သေချာပြန်​တည့်​လိုက်​ပြီး ကုတင်​​ပေါ်ပြန်​လာလိုက်​သည်

"က​လေး ​နေမ​ကောင်းဘူးလား "

"​ခေါင်း​လေးနည်းနည်းမူး​နေတာပါ "

"က​လေး​ နေ​မ​ကောင်းရင်​ မယူ​တော့ဘူး​နော်​ "

"ရပါတယ်​ လူကြီးရဲ့ "

"ဟင့်​အင်း  ကိုယ်​ဝန်​​တွေဘာ​တွေရှိ​နေတာဖြစ်​နိုင်​တယ်​ "

တွေးဆကာ ​ပြောပြီး အင်္ကျီကြယ်​သီး​တွေပြန်​တပ်​​နေပြီဖြစ်​တဲ့လူကြီး​ကြောင့်​ ကျ​နော်​လည်း ကိုယ့်​ကိုယ်​ကို ပြန်​သတိရမိ​တော့သည်

ကျ​နော်​ ဒီရက်​​တွေအတွင်းမှာ အစားအ​သောက်​ ပျက်​​နေတယ်ရယ်

တစ်​ခါတစ်​​လေလည်း ရင်​ထဲပြည့်​​နေသလိုကြီး ခံစားရကာ အန်​​နေရတတ်​သည်

ပထမ ကိုယ်​ဝန်​လွယ်​တုန်းက ခံစားရသလို ပြန်​ခံစား​နေရတယ်​ ရယ်

နောက်​ထပ်​ ကိုယ်​ဝန်​များထပ်​ရှိ​နေတာလား

ဗိုက်​​လေးကို ငုံ့ကြည့်​လိုက်​သည်

"က​လေး ကိုယ်​ဝန်​စစ်​ချင်​ရင်​  အံဆွဲထဲမှာ ကိရိယာ​လေး ရှိတယ်​ မနက်​ကျ​ ​စော​စောထပြီး စစ်​ကြည့်
လိုက်​ သိလား က​လေး "

"ဟုတ်​ လူကြီးက ဘယ်​လိုလုပ်​ အဲ့ကိရိယာကိုဝယ်​ထားရတာလဲ "

ကျ​နော်​ ​မေးလိုက်​​တော့ သူကပြုံးကာပင်​  ကျ​နော့်
ကိုယ်​​လေးကို သူ့​ဘေးဆွဲယူကာ ဖက်ထားသည်

"ကိုယ့်​ က​လေး​လေး အချိုး​တွေ ​ပြောင်း​နေတာ သတိထားမိလို့​ပေါ့ကွာ "

ငြိုးမျက်​ရယ်​မ​ပြေ 🎐Completed🎐Where stories live. Discover now