"Teaji ငါ ဆေးရုံက ဆင်းလို့ရပြီလား "
"သခင်လေး သွားမေးပေးနေတယ် "
"ငါ ဆင်းချင်နေပြီ မနေချင်တော့ဘူး "
"ဆင်းလို့ရတော့မှာပါ တစ်လတောင် ပြည့်တော့မဲ့ဟာ "
"ဟင်း ~~"
~အီးးး ဟီးးးး ဗြဲ ဝါးးး အူးးးဝါးးး အီးးး ဗြဲ~
"သားလေး နိုးလာပြီ Taeji ငါ့ကို ပေးပါဦး "
"အင်း "
"ဖြေးဖြေး ချီနော် "
"အင်းပါ "
Taeji က သားငယ်လေးကို ချီကာ ကျနော့်ထံ ပေးလာသည်
"ကလေးလေးက ချစ်စရာလေးနော် ဟီး "
"အင်း သားလေးက ချစ်ဖို့ကောင်းတယ် "
နိုးထလာတဲ့ သားလေးကို နို့တိုက်ရန် အင်္ကျီကို လှန်မကာ ကလေးငယ်ရဲ့ ပါးစပ်နဲ့ မရှိမဲ့ရှိမဲ့ နို့သီးခေါင်းလေးကို တေ့ပေးတော့ သားငယ်လေးက အတင်းစို့
လာသည်"ကလေးက နို့ဆာနေတာ ထင်တယ် "
"ဟုတ်လောက်တယ် "
"ဒါနဲ့ luhan ကလေး ကို နာမည်က ဘာပေးမှာလဲ"
"baekhyun လို့ ပေးမှာလေ "
"ချစ်စရာလေးနော် နာမည်လေးက "
"ဟုတ်တယ် ကောင်လေး တစ်ယောက် ရွေးပေးထားတာ "
"ရွေးတတ်တယ်နော် "
"အင်း "
"ကြည့်ပါဦး baekie လေးက ချစ်ဖို့ကောင်းလိုက်တာ "
"ခ် ခ် ခ် "
သားလေးက သိသလိုမျိုး ထရယ်သောကြောင့် ကျနော်နဲ့ Taeji နဲ့ ပြိုင်ရယ်မိကြသည်
သားလေးကို ငုံ့ကြည့်လိုက်တော့ သားငယ်က တစ်ဖက်ကို တော့ စို့နေပြီး တစ်ဖက်ကိုတော့ လက်ဖြင့်ဖိချေနေသည်
YOU ARE READING
ငြိုးမျက်ရယ်မပြေ 🎐Completed🎐
Fanfictionငါ့အမှား အတွက် ငါလုပ်ခဲ့တာတွေအတွက် မင်းကို ဘယ်လို တောင်းပန်ရတောင်းပန်ရ မင်းခွင့်လွှတ်တဲ့ အထိ ငါတောင်းပန်ပါတယ် ဒါက ငါမင်းကို အရမ်းချစ်မိသွားလို့ luhan oh sehun မုန်းတယ် ကျနော် ခင်ဗျားကို အ...