Ch 🎐74🎐

2.5K 166 3
                                    

"လူကြီး ကတိမတည်​ဘူး လွယ်​လွယ်​​ပေးပြီး လွယ်​လွယ်​ဖျက်​တယ်​ "

"တကယ်​ မရည်​ရွယ်​ပါဘူးကွာ ကိုယ်​​လေ ​ဒါ ​နောက်​ဆုံး တစ်​​ခေါက်​ပါပဲကွာ ​နောက်​ဆုံးပါပဲ "

"မသိဘူး ဘာမှလာမ​ပြောနဲ့ လူကြီးက ကျ​နော့်​စကားကို အ​လေး မထားဘူး "

"မဟုတ်​ရပါဘူးကွာ ​ကိုယ်​​တောင်းပန်​ပါတယ်​ က​လေးရယ်​ က​လေးစကားကို အ​လေးမထားတာ မဟုတ်​ရပါဘူး ဒီ​ကောင်​က​လေ ကိုယ်​တို့ company ကို​လေ ....."

"​တော်​ ကျ​နော်​ မသိချင်​ဘူး company က ကိစ္စ​တွေ မသိချင်​ဘူး ကျ​နော်​ သိတာ လူကြီး လူသတ်​တယ်​ ကျ​နော့်​ကို မသတ်​ပါဘူးလို့ ကတိ​ပေးထားပြီးမှ လူထပ်​သတ်​တယ်​ "

"က​လေးက ဘာလို့ ဂို​ဒေါင်​စီ လိုက်​လာရတာလဲ
ကွာ "

"လိုက်​လာလို့​ပေါ့ မလိုက်​လာရင်​ လူကြီး ကတိဖျက်​တာကို မြင်​လိုက်​ရမှာ မဟုတ်​ဘူး​လေ လူကြီး ကျ​နော့်​စကားကို အ​လေးမထားတာကို သိလိုက်​ရမှာမဟုတ်​ဘူး​လေ "

"ကိုယ်​ ​တောင်းပန်​ပါတယ်​ကွာ ဒီတစ်​​ခေါက်​ ​နောက်​ဆုံးပါပဲ "

"ဘာမှလာမ​ပြောနဲ့​တော့ ကျ​နော်​သိသွားပြီ လူကြီးက ကျ​နော့်​ကို တကယ်​ မချစ်​ပါဘူး ဒါ​ကြောင့်​ ကျ​နော့်​စကားကို​ အ​လေးမထားတာ "

"မဟုတ်​ဘူး က​လေး မဟုတ်​ရပါဘူးကွာ ကိုယ်​က​​လေးကိုတကယ်​ချစ်​တာပါ "

"လိမ်​​နေတာ လူကြီး ​ပြောတာ​တွေ အကုန်​လုံးက အလိမ်​အညာ​တွေချည်းပဲ အရင်​ကလည်း လိမ်​တယ်​ အခုလည်း လိမ်​​နေ​သေးတယ်​ "

"က​လေးကို ချစ်​တာ အစစ်​အမှန်​ပါကွာ "

"မယုံဘူး ကျ​နော်​ လူကြီးကို မချစ်​​တော့ဘူး မုန်းတယ်​ "

"မ​ပြောပါနဲ့ကွာ က​လေး မ​ကျေနပ်​ရင်​​လေ ထုပါ ရိုက်​လိုက်​ပါ မုန်းတယ်​လို့​တော့ မ​ပြောပါနဲ့ကွာ ကိုယ်​ တကယ်​ ခံနိုင်​ရည်​မရှိဘူး "

"မုန်းတယ်​ လူကြီးကို ကျ​နော်​ အရမ်း မုန်းတယ်​ !! "

ဝမ်းနည်း​ဒေါ​သ​ကြောင့်​ ငိုလည်းငိုမိပါ​သည်

ငြိုးမျက်​ရယ်​မ​ပြေ 🎐Completed🎐Tempat cerita menjadi hidup. Temukan sekarang