"လူဆိုးကြီး အခုထိ လာလည်း မချော့သေးဘူး "
အိမ်ရှေ့က ဒန်းလေးပေါ်မှာ ထိုင်နေရင်း အပြစ်မရှိတဲ့ မြက်ခင်းပြင်ကို ကန်ကျောက်နေမိသည်
"စိတ်ဆိုးတာကဆိုးတာပဲ နည်းနည်းပါးပါးတော့ ချော့ပေါ့ "
"ဟွန့် ခုတော့ မချော့ဘဲ ဒူးထောက်ထားမှတော့ သူများက ဘယ်လိုလုပ်ရမလဲ မချော့ဘဲနဲ့တောင်းပဲတောင်းပန်နေတယ် "
"လူဆိုးကြီး သူများက သူ့ကို အရမ်းချစ်တဲ့ဟာကို နည်းနည်းပါးပါး စဉ်းစားပေါ့ အချော့ခံချင်နေတဲ့ဟာကို "
"ကျစ် နှစ်ရက်တောင် ရှိနေပြီ လာမချော့သေးဘူး
အချော့ခံချင်နေတဲ့ သူကပဲ ကျနော် အချော့ခံချင်နေတာပါလို့ ပြောရမလိုပဲ ""အလိုက်ကမ်းဆိုး မသိဘူး "
"ဒါမျိုးကျတော့ တုံးလိုက်တာ လွန်ရော ဟိုကိစ္စတွေကျတော့ကျွမ်းကျင်လိုက်တာဆိုမှ "
"ကောင်ဆိုးကြီး လာချော့ပါတော့လို့ "
"ခဏလေး ငါ ဘယ်မှာရှိနေလဲ မသိလို့များလား "
"မဟုတ်လောက်ပါဘူး သူသိမှာပါ ငါ့မှာနေစရာဆိုလို့ xiao အိမ်ပဲ ရှိတာ သူသိပါတယ် "
"အဲ့ဒါဆို ဘာလို့ မလာသေးတာလဲ "
ခြံတံခါးဝကိုပဲတမျှော်မျှော်ဖြစ်နေသည်
"ပါးပါး. "
"ဟင် သားလေး နိုးပြီလား "
"ဟုတ်ကဲ့ "
အိပ်ချင်မူးတူးလေးဖြင့် မျက်လုံးလေးတွေကိုလက်ဖြင့်ပွတ်သတ်ကာ အရုပ်လေးကိုလည်း လက်ကပိုက်ထားသေးသည်
"ဗိုက်ချာရယ် "
"အမ် အင်း ကျွေးမယ်လေ "
သားလေးကို လက်ကဆွဲကာ အိမ်ထဲပြန်ဝင်လာခဲ့သည်
ဒီနေ့လည်း မလာဘူးနဲ့ တူပါတယ်
YOU ARE READING
ငြိုးမျက်ရယ်မပြေ 🎐Completed🎐
Fanfictionငါ့အမှား အတွက် ငါလုပ်ခဲ့တာတွေအတွက် မင်းကို ဘယ်လို တောင်းပန်ရတောင်းပန်ရ မင်းခွင့်လွှတ်တဲ့ အထိ ငါတောင်းပန်ပါတယ် ဒါက ငါမင်းကို အရမ်းချစ်မိသွားလို့ luhan oh sehun မုန်းတယ် ကျနော် ခင်ဗျားကို အ...