Ch ~76~

2.8K 188 8
                                    

"ဟင့်​ လူကြီး "

ကုတင်​နား ​ပြေးသွားလိုက်​​တော့ ​ဖျော့​တော့​နေ​သော မျက်​နာဖြင့်​ကြည့်​လာသည်

သူကပြုံးကာ

"က​လေး​နောက်​ဆုံး​တော့ ကိုယ့်​စီပြန်​လာပြီ​ပေါ့
နော်​ "

"ဟင့်​ အရူးကြီး အဲ့ဒါဘယ်​လိုဖြစ်​​နေတာလဲ "

မျက်​ရည်​​တွေ ကျကာ သူ့ကိုယ်​လုံးကြီးကို ထုရိုက်​​နေလိုက်​သည်

"ဘာလို့ ဒီလိုပုံကြီး ဖြစ်​​နေရတာလဲ  ဒါလူကြီးရဲ့ ပုံစံမှ မဟုတ်​တာ ဘာလို့ ဒီလိုဖြစ်​​နေရတာလဲ "

"က​လေးရယ်​ "

ကျ​နော့်​ ကိုယ်​ကို​ပွေ့ဖက်​လာ​သော​ကြောင့်​ သူ့ရင်​ခွင်​ထဲခိုဝင်​ကာ တရှုံ့ရှုံ့ငို​​နေမိသည်

"ဘာလို့ဒီအတိုင်းကြီးလှဲ​နေရတာလဲ "

"နည်းနည်းပါးပါး ထမင်း​လေး ဘာ​လေးစားပါ​ရော့လား "

"ဒီအတိုင်း​နေရင်​ဘာထူးသွားမှာမို့လို့လဲ "

"ခင်​​ဗျားကြီး ​သေသွားရင်​ ကျ​နော်​တို့ သားအဖ နှစ်​​ယောက်​ထဲ ကျန်​ခဲ့မှာ မ​တွေးမိဘူးလား "

"ဘာလို့ ဒီ​လောက်​ ဦး​နောက်​ မရှိရတာလဲ အရူးကြီးရဲ့

ဒီလို လုပ်​​နေ​တော့ ဘာထူးခြားသွားမှာ မို့လို့လဲ မ​တော်​လို့​သေသွားရင်​ဘယ်​လိုလုပ်​မလဲ "

"အရူးကြီး အရူးကြီး လူကြီးက​တော့ ရုး​နေပြီ​ဗျာ "

ရင်​ဘတ်​ကို တဖုန်းဖုန်းထု​တော့ သူပါ မျက်​ရည်​ကျသည်

"ဘာလဲ နာလို့လား ဟုတ်​လား နာလို့လား အရူးကြီး ရဲ့ "

"မဟုတ်​ပါဘူး ​ပျော်​လို့ပါကွာ က​လေးကိုယ့်​စီပြန်​​ရောက်​လာလို့ ​ပျော်​လွန်းလို့ပါ 

အနည်းဆုံး​တော့ ကိုယ်​မ​သေခင်​ က​လေး မျက်​နာ​လေးကို​တွေ့ခွင့်​ရပြီ​လေ "

"ဘာလို့ ​သေမဲ့စကားကို ​ပြောရတာလဲ ကျ​နော်​ ပြန်​​ရောက်​လာရင်​ ​ကျေးဇူးပြုပြီး အသက်​ရှင်​​အောင်​​နေ​လေ"

ငြိုးမျက်​ရယ်​မ​ပြေ 🎐Completed🎐Donde viven las historias. Descúbrelo ahora