"hun "
"အင်း "
"omma တို့ ရောက်နေတယ်ဆို"
"ဟုတ်တယ်လေ "
"ငါလည်း လိုက်လည်ချင်တယ် omma တို့နဲ့ မတွေ့တာတော်တော်ကြာနေပြီ"
"လိုက်ခဲ့ပေါ့"
"ငါ့ကို ဟိုရောက်ရင် ဘယ်လို မိတ်ဆက်ပေးမှာလဲ"
"ဘယ်လို မိတ်ဆက်ပေးရမှာလဲ နင်က ငါ့သူငယ်ချင်းလေ သူငယ်ချင်း လို့ပဲ မိတ်ဆက်ပေးမှာပေါ့"
"နင်ကလည်း နင်နဲ့ငါက ချစ်သူတွေလေ"
"အပိုတွေ လုပ်မနေနဲ့ hunnar ငါတို့ အစီအစဉ် က omma တို့ ရှေ့မှာ သွားပြီး အကောင်အထည်ဖော်လို့မရဘူး အေးဆေးနေလိုက်"
"ဟွန့် နင်ကလည်း သူငယ်ချင်း အချင်းချင်းကို ပြောတာကြီးကလည်း"
"ဘာဖြစ်လဲ အလုပ်ပဲ သွားလုပ်စမ်းပါ hunnar ရာ ညနေ ငါပြန်ရင် လိုက်ခဲ့"
"အင်းပါ ဒါနဲ့လေ luhan နဲ့ omma တို့ အဆင်ပြေကြလား"
"ပြေတယ် သူ့ရုပ်လေးက ချစ်စရာလေးပဲကို omma တို့ သဘောကျတာပေါ့ "
"နင်ရော သဘောကျလား "
"ဘာကိုလဲ ? "
"xiao luhan ကိုလေ နင့်ပါးစပ်က သူ့ကို ချစ်စရာလေး လို့တောင် ပြောနေပြီဆိုတော့ နင်ရော သူ့ကို သဘောကျနေပြီလား "
"မကျပါဘူး ဘာလို့ သဘောကျရမှာလဲ သွားစမ်းပါ hunnar ရယ် "
"နင်ကလည်း ပြောစမ်းပါ နင် သူ့ကို ချစ်နေပြီလား"
"မချစ်ဘူး သွားတော့ hunnar ငါ အလုပ်လုပ်နေတာ"
"အေးပါ တကယ်လို့ နင်သူ့ကို ချစ်သွားရင် နင်ရှုံးပြီနော်"
"သိတယ် "
😘 😘 😘 😘
"xiao luhan !! "
ESTÁS LEYENDO
ငြိုးမျက်ရယ်မပြေ 🎐Completed🎐
Fanfictionငါ့အမှား အတွက် ငါလုပ်ခဲ့တာတွေအတွက် မင်းကို ဘယ်လို တောင်းပန်ရတောင်းပန်ရ မင်းခွင့်လွှတ်တဲ့ အထိ ငါတောင်းပန်ပါတယ် ဒါက ငါမင်းကို အရမ်းချစ်မိသွားလို့ luhan oh sehun မုန်းတယ် ကျနော် ခင်ဗျားကို အ...
