ကျင့်သား ရနေသော မျက်လုံးကြောင့် နိုးထလာခဲ့တော့ ကုတင်ခြေရင်း၌ ရပ်နေတဲ့သူ
မျက်လုံးလေးမှာ မှေးစင်း၍ တစ်ချက်တစ်ချက် ငိုက်ကျသွားတတ်သည်
"အဟမ်း!!! "
"ဟု..ဟုတ်ကဲ့"
ချောင်းဟန့်လိုက်တော့မှ မျက်လုံးလေး ပြူးပြူးပြာပြာ
ဖြစ်ကာ ဖွင့်ကြည့်လာသည်"မင်း အိပ်ငိုက်နေတာလား "
"မ..မဟုတ်ပါဘူး. "
"အေး အိပ်ငိုက်ရဲ ငိုက်ကြည့်နော် မင်း ငါ့အကြောင်းသိတယ် မှတ်လား"
"ဟုတ်ကဲ့ ဟိုလေ ရေချိုးဖို့ ပြင်ဆင်ပေးရတော့မလား"
"မင်း မေးနေစရာလို လို့လား ငါနိုးလာတာနဲ့ ပြင်ပေးရမယ်ဆိုတာ မသိဘူးလား"
"တောင်း ပန်ပါတယ် အခုပဲ သွားပြင်ပေးပါ့မယ်"
"အချိုးကိုမပြေဘူး "
"တောင်းပန်ပါတယ် "
ပြောကာ ရေချိုးခန်းထဲ ဝင်သွားသည်
တအောင့်နေတော့ ပြန်ထွက်လာသည်"ရပါပြီ ရေချိုးဖို့ အသင့်ပါပဲ ကျနော် မနက်စာ သွားပြင်ပေးထားပါ့မယ်"
"သွား ငါထွက်လာလို့ မပြီးသေးရင် တွေ့မယ်"
"ဟုတ် "
သူထွက်သွားမှ ရေဝင်ချိုးလိုက်သည်
အရင်ကဆို ဒါတွေက hyung လုပ်ပေးနေကြပေါ့လေ
ကျစ် အဲ့မကောင်းတဲ့ အကောင်အကြောင်း မတွေးမိစမ်းနဲ့အပြင်ထွက်လာတော့ အင်္ကျီက အသင့်
ဒီကောင်လေး အချိုးတွေတော့ပြေလာပါပြီ
ဒါမဲ့ ယုံလို့မရဘူး စိတ်ထဲမှာ ဘာတွေ ကြိတ်ကြံနေလဲ မသိရဘူး
သူတို့လို သနားစရာ မျက်နာတွေနဲ့ လူတွေက မူယာမာယာ အရမ်းများတာအောက်ထပ်ဆင်းလာပြီး ထမင်းစားခန်းထဲ ဝင်လာခဲ့တော့ လက်လေးနှစ်ဖက် ရှေ့ချကာ ခေါင်းလေးငုံ့ပြီး ရပ်နေတဲ့ သူ
ဒါနဲ့ သူ့လက်မှာ နာရီ ရှိနေတာပဲ အခုမှ သတိထားမိတယ်
YOU ARE READING
ငြိုးမျက်ရယ်မပြေ 🎐Completed🎐
Fanfictionငါ့အမှား အတွက် ငါလုပ်ခဲ့တာတွေအတွက် မင်းကို ဘယ်လို တောင်းပန်ရတောင်းပန်ရ မင်းခွင့်လွှတ်တဲ့ အထိ ငါတောင်းပန်ပါတယ် ဒါက ငါမင်းကို အရမ်းချစ်မိသွားလို့ luhan oh sehun မုန်းတယ် ကျနော် ခင်ဗျားကို အ...