"xiao luhan..xiao luhan ဘယ်လိုနေသေးလဲ ဒေါ်လေး kim "
"အခုထိ မွေးနေတုန်းပဲ "
"ကျစ် "
"အရမ်းလည်း စိတ်မပူပါနဲ့ ကွယ် ထိုင်ပါဦး "
ဒေါ်လေးပြသော ထိုင်ခုံ၌ ဝင်ထိုင်လိုက်ပေမဲ့ စိတ်ကတော့ မအေးနိုင်သေးဘူး
တရေးနိုး သူ့ကိုမမြင်ရလို့ တခြားလူတွေကို မေးကြည့်ရာမှ သိခဲ့ရတာက သူဗိုက်နာလို့
ဆေးရုံ တင်လိုက်ရပြီတဲ့ ဘာလို့ ကျနော့်ကို သူမပြောရတာလဲအရင် လို စိတ်ဆိုး ဒေါသထွက်ဖို့လည်း မအားပါဘူး
သိသိချင်း ဆေးရုံ ကို ပြေးလာခဲ့ရတာ
"သူ စကားပြန်ပြောနိုင်နေပြီဆိုတာ ဟုတ်လား ဒေါ်လေး "
"အင်း ကြည့်ရတာ ကလေးလေးက သူ့အတွက် ကံကောင်းစေတဲ့ လာဘ်ကောင်လေးနဲ့ တူပါတယ် ကွယ်"
"ဟုတ်လောက်မှာပါ "
~လူနာ xiao luhan မွေးပါပြီ xiao luhan အမျိုးသား ဘယ်သူလဲ ~
ကြားလိုက်ရသောအသံကြောင့် ခေါင်းကို ဆတ်ခနဲ မော့လိုက်ကာ သူနာပြုမလေးနားပြေးသွားလိုက်သည်
"ကျနော်ပါ ကျနော် xiao luhan ရဲ့ အမျိုးသားပါ "
"ကျမနဲ့ လိုက်ခဲ့ပေးပါနော် "
"သူ..သူကရော "
"လူနာ xiao luhan ကို သီးသန့် ဆောင်ကို ပြောင်းပေးမှာပါ အခုတော့ ကျမနဲ့ လိုက်ခဲ့ပေးပါရှင့် ရှင့်ရဲ့လက်မှတ်တွေ လိုအပ်လို့ပါ"
"ဟု..ဟုတ်ကဲ့ "
သူနာပြုမလေး နောက်လိုက်သွားကာ လိုအပ်တာတွေလုပ်နေပေမဲ့ စိတ်ကတော့ သူ့စီမှာသာ
"သူ ဘာလေး မွေးတာလဲ ဆရာမ"
"ယောကျာ်းလေးပါ "
ယောကျာ်းလေး
"သူ့ကို အထူးဆောင်မှာထားပေးပါ ဘယ်လောက်ကုန်ကုန် ရပါတယ် "
KAMU SEDANG MEMBACA
ငြိုးမျက်ရယ်မပြေ 🎐Completed🎐
Fiksi Penggemarငါ့အမှား အတွက် ငါလုပ်ခဲ့တာတွေအတွက် မင်းကို ဘယ်လို တောင်းပန်ရတောင်းပန်ရ မင်းခွင့်လွှတ်တဲ့ အထိ ငါတောင်းပန်ပါတယ် ဒါက ငါမင်းကို အရမ်းချစ်မိသွားလို့ luhan oh sehun မုန်းတယ် ကျနော် ခင်ဗျားကို အ...