Ch 🎐31🎐

3.3K 250 18
                                    

ကုတင်​​ပေါ် လဲ​လျောင်း​နေကာ မျက်​နာကျက်​ အဖြူ​ရောင်​ ကို ကြည့်​​နေမိသည်

~ငါ ပြန်​မလာ မချင်း  အိပ်​ယာက မထနဲ့~

ဆို​သော သူ့စကား​ကြောင့်​ မနက်​  9 နာရီ ထိုး​နေပြီ ဖြစ်​​သော်​​လည်း အိပ်​ယာ​ပေါ်က မထရ​သေး

ပက်​လက်​ အ​နေအထားမို့ အ​ပေါ်သို့ ပူထွက်​​နေ​သော   ​ဗိုက်​​လေးကို  ပွတ်​သတ်​​နေမိသည်

ဒီ​နေ့  သူappa နဲ့ omma ပြန်​ပြီမို့ ​လေဆိပ်​ကို လိုက်​ပို့​နေသည်

ကျ​နော့်​ကိုကျ​တော့  မ​ခေါ်သွားဘူး​ပေါ့
သူရဲ့  ဟာမ  နဲ့ ပဲသွားတာ​လေ

*ဟွန့်​ *

omma တို့ ပြန်​သွားပြီဆို​တော့  ကျ​နော့်​ကို ဂရုစိုက်​​တော့မှာ မဟုတ်​​တော့ဘူး အရင်​လိုပဲ
စိတ်​ဆင်းရဲ​အောင်​ လုပ်​ပြီး နှိပ်​စက်​ဦးမှာ

~ဟင်း....~

"ဘာ​တွေ သက်​ပြင်းချ​နေတာလဲ "

သူ့အသံ​ကြောင့်​ လှည့်​ကြည့်​လိုက်​သည်

ပြန်​လာပြီ​ပေါ့​လေ

"ပျင်း​နေပြီလား"

".........."

"ထ​တော့ ငါ company သွားဖို့ ပြင်​​ပေးဦး"

ပူ​နေတဲ့ ​ဗိုက်​​လေးကို ထိန်းကိုင်​ကာ  အိပ်​ယာ​ပေါ်က
ဆင်းလိုက်​သည်

"မနက်​စာက မပြင်​​ပေးနဲ့​တော့ ငါ hunnar နဲ့ company ​ရောက်​မှ စား​တော့မယ်​"

ခေါင်းညိမ့်​ပြလိုက်​သည်

လိုလို့လား ကျ​နော့်​ကို​ပြောပြစရာ  အရင်​ကလည်း  သူလုပ်​ချင်​တာလုပ်​​​နေပြီး​တော့

"omma တို့လည်း ပြန်​သွားပြီ ဆို​တော့ အရင်​အတိုင်းပဲ ပြန်​​နေကြရ​အောင်​"

"..........."

"omma တို့ ရှိ​နေတုန်းက ​ကောင်း​ကောင်းမွန်​မွန်​ ​နေခဲ့ပြီးပြီပဲ​မှတ်​လား"

"..........."

"အရင်​လို​လေး  ပြန်​​နေကြတာ​ပေါ့"

ငြိုးမျက်​ရယ်​မ​ပြေ 🎐Completed🎐Dove le storie prendono vita. Scoprilo ora