Ep.44(Final)

28.6K 1.3K 126
                                    

Ep.44

"Surprise!!!!!!!!!"

"ဟင်... ဖေဖေ "

ထိုမျှနှင့် မပြီးသေး။ရင်းနှီးနေကျ အသံလေးကိုပါ ထပ်မံ ကြားလိုက်ရပြန်သည်။

"ဟဲလို....."

"အစ်မ အစ်မဖြိုးမေကပါ ဘယ်လိုလုပ်ပြီးတော့....."

ထို့နောက် သူ့အနောက်မှာ ရပ်နေသည့် ကိုကောင်းကို ရှင်မင်းသက် ကြည့်လိုက်တော့ သူ့ကို ပြုံးပြနေလေသည်။

"ဒါတွေလည်း ကိုကောင်း စီစဉ်ထားတာပဲလား.."

ကောင်းကင် ခေါင်းညိတ်ပြလိုက်သည်။

သူ့ကို ပြုံးကြည့်နေသည့် ဖေဖေနှင့် အစ်မဖြိုးမေကြောင့် ရှင်မင်းသက်မှာ မရှက်နိုင်တော့ဘဲ မျက်ရည်ကျလာတော့သည်။

"ဟော ..ဘာလို့ငိုနေတာလဲ သားရဲ့။ဒီလိုနေ့မျိုးမှာ ဖေ့ဖေ့သားက ပျော်ပျော်ရွှင်ရွှင်နဲ့ ပြုံးနေရမှာ မဟုတ်ဘူးလား...."

သူ့မျက်ရည်ကို သုတ်ပေးလာသည့် ဖေဖေကြောင့် ဖေဖေ၏ ခါးကို တင်းကြပ်စွာ ဖက်တွယ်ကာ ပို၍ ငိုတော့သည်။

"သားတောင်းပန်ပါတယ် ဖေဖေ။ဖေဖေ့ကို အဲ့လိုမပြောသင့်မှန်း သားသိပါပြီး။တောင်းပန်ပါတယ်"

"ဟားဟား... ဖေ့ဖေ့သားက ခလေးတောင်မွေးပြီးလို့ မင်္ဂလာတောင် ဆောင်တော့မှာကို အခုထိ ခလေးတွေလို ငိုနေတုန်းလားကွာ။မငိုရဘူး တိတ် ...တိတ် ဖေဖေက စိတ်မဆိုးပါဘူး။ဟုတ်ပြီးနော်။ ဖေ့ဖေ့သား ပျော်နေရင်ပဲ ဖေဖေက ပျော်ပါတယ်ကွာ...."

ထိုသို့ ပြောနေသော်လည်း  ဦးဝီလဆင်၏ မျက်ဝန်းပြာသည် ရှင်မင်းသက်နည်းတူ အရည်ကြည်တွေ အပြည့်နှင့်ပင်။

" တောင်း..တောင်းပန်ပါတယ်"

"တော်ပြီး တော်ပြီး ပွဲချိန်က နီးနေပြီး။အခုထိ ဘာမှမပြင်ဆင်ရသေးဘူးမဟုတ်လား။မမှီဘဲ နေမယ်နော် "

ထိုစကားကြောင့် ရှင်မင်းသက်သည် ဦးဝီလဆင်ကိုဖက်ကာ ငိုနေသည့်လူမှာ သူမဟုတ်သည့်အတိုင်း ကောင်းကင်ကို ဘုကြည့် ကြည့်လာလေသည်။

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now