ep.4

33.2K 2.7K 44
                                    

Ep.4

Unicode

အိမ်ရောက်တော့ Cafeထဲ ဝင်လိုက်သည်နှင့် ဧည့်သည်တစ်ယောက်က အလန့်တကြား မတ်တပ် ထရပ်လိုက်သည်ကြောင့် ရှင်မင်းသက်လည်း ဘာရယ်မဟုတ် လှည့်ကြည့်လိုက်သည်။သို့သော် တွေ့လိုက်ရသည့် မျက်နှာကြောင့် အလန့်တကြား ဖြစ်သွားရသည်မှာ လှမ်းနေသည့် ခြေလှမ်းများပင် ယိုင်နဲ့သွားရတော့သည်။ကလေးငယ်က "မားမားဘာဖြစ်တာလဲ"ဟု မေးလာတော့မှသာ ဘာမှမဖြစ်ဘူးဟူသည့် သဘောဖြင့် ကလေးငယ်ကိုပြုံးပြလိုက်သည်။

"မမေသူ ဒီနေ့ ဆိုင် စောစောပိတ်လို့ ရတယ်နော်။
ကိုယ် နေမကောင်းချင်သလို ဖြစ်နေလို့ အောက်ထပ်ကို ဆင်းမလာတော့ဘူး။ဆိုင်ပိတ်ပြီးရင်တော့ အပေါ်ထပ်ကို သော့ လာပေးနော်"

ရှင်မင်းသက်သည် အမျိုးအသမီးတစ်‌ယောက်ကဲ့သို့ ဝတ်စားပြီး အမျိုးသမီးတစ်ကဲ့သို့ နေထိုင်သော်ငြား ဝန်ထမ်းရှေ့မှာတော့ သူ့ကိုယ်သူ 'ကိုယ်' ဟုသာ သုံးနှုန်းတတ်သည်။မမေသူအား မှာစရာရှိသည်ကို မှာပြီးနောက် အဖြေကိုပင် မစောင့်တော့ဘဲ ကလေးငယ်၏ လက်ကိုတွဲကာ အပေါ်ထပ်သို့ တက်လာခဲ့တော့သည်။
.

ဆိုင်ထဲ ဝင်ရောက်လာသည့် ရွှေအိုရောင် ဆံနွယ်ပိုင််ရှင်နှင့်အတူ ရွှေအိုရောင်လေး၏ လက်ကို ဆွဲကိုင်ထားသည့် ချစ်စရာ ကလေးကြောင့် ကောင်းကင်၏ ကမ္ဘာကြီးမှာ ရပ်တန့်သွားရသည်။ကောင်းကင်သည် ထိုသူနှစ်ယောက်ကို လွန်ခဲ့သည့် ငါးနှစ်ကျော် ခြောက်နှစ်လောက်မှစ၍ တစ်ပတ်တွင် အနည်းဆုံး နှစ်ကြိမ်လောက် အိပ်မက် မက်သည်။တစ်ခါတလေမှာတော့ တစ်ပတ်တွင် ငါးရက်လောက်အထိ ဆက်တိုက် မြင်မက်တတ်သည်။

မြင်မက်သည့် အကြောင်းအရာမှာလည်း မျက်ဝန်းအပြာနှင့် ရွှေအိုရောင် ဆံနွယ်ပိုင်ရှင်လေးကို
သူ့အောက်မှာဖိထားပြီး အော်ဟစ်ငိုယိုသံနှင့်
အတူ ငိုညည်းသံတွေ ထွက်လာအောင် သူက ပြုလုပ်နေသည်တဲ့။ထိုအိပ်မက်ကို မြင်မက်သည်နှင့် သူ့မှာ အိပ်ယာခင်းနှင့် စောင်တွေ လျော်ရတော့သည်။

ထို ချစ်စရာကလေးငယ်ကို အိပ်မက် မမက်ခင်
ပထမဦးဆုံးအနေဖြင့် ရွှေအိုရောင် ဆံနွယ်ပိုင်ရှင်ကို အရင်ဦးဆုံး မြင်မက်ခဲ့သည်။အစပိုင်းတွင် ထိုအိပ်မက်ကာ တော်တော်လေးကို အဓိပ္ပါယ်မရှိဟု ကောင်းကင်ထင်မိသည်။အဓိပ္ပါယ်မရှိရသည့် အကြောင်းမှာလည်း ထို ရွှေအိုရောင်ဆံနွယ်ပိုင်ရှင်က သူ့ကြောင့် ကိုယ်ဝန်လွယ်ထားရသည်တဲ့လေ။မဖြစ်နိုင်သည့် အကြောင်းအရာ မဟုတ်ပါလား။

သူမှလွဲ၍" Except Him " (BL-OC) CompletedKde žijí příběhy. Začni objevovat