Ep.6

29.6K 2.4K 13
                                    

Ep.6

Unicode

ထိုစဉ် အခန်းတံခါး ပွင့်လာကာ လူစိမ်းတစ်ယောက်က ဝင်ရောက်လာခဲ့သည်ကြောင့် ရှင်မင်းသက်မှာ လန့်ဖြန့်သွားရသည်။ထို့အတူ မသိစိတ်ထဲမှ တစ်ခုခုဖြစ်လာတော့မည်ဟု ခံစားလိုက်ရသည်ကြောင့် ထွက်ပြေးရန် ပြင်လိုက်သော်လည်း မမှီတော့။
ထိုလူစိမ်းက သူ့အနားသို့ ချက်ချင်း ရောက်လာပြီး
ခါးကိုဆွဲကာ ကုတင်ပေါ်သို့ ဆွဲလှဲချပြီး တစ်ကိုယ်လုံးဖြင့် ဖိချုပ်ထားတော့သည်။

ရှင်မင်းသက်သည် အတင်း ရုန်းကန်သော်ငြား ထိုလူစိမ်းသည် သူ့ထက် ခန္ဓာကိုယ်ရော ခွန်အားကပါ ပိုကြီးသောကြောင့် ထိုလူ့လက်မှ လွယ်လွယ်နှင့် ရုန်းထွက်မရ ဖြစ်နေတော့သည်။မည်မျှပင် အော်ဟစ်ရုန်းကန်နေသော်ငြား ထိုလူကာ သူ့ခြေထောက်တွေကို တက်ဖိထားသည့်အပြင် ထိုလူ့ကို ထုရိုက်နေသည့် သူ့လက်တွေကိုပါ သူ ရင်လျားထားသည့် တဘတ်ဖြင့် ကုတင်ခေါင်းရင်းပေါ်သို့ တင်းတင်းကြပ်ကြပ် ပူးချည်ထားလေသည်။ထိုအချင်းအရာကြောင့် ထိုလူ့လက်မှ  မလွတ်မြောက်နိုင်တော့မှန်း ရင်နာနာဖြင့် လက်ခံလိုက်ရသည်။ယောကျ်ားတစ်ယောက် ဖြစ်နေပါလျက်နှင့် အခြားယောကျာ်းတစ်ယောက်ဆီမှ အနိုင်ကျင့် စော်ကားခံနေရသည်ကြောင့် ရှင်မင်းသက်မှာ မျက်ရည်များ ကျလာရတော့သည်။

ထိုအချိန် သူ့နှုတ်ခမ်းကို အကြမ်းပတမ်း နမ်းရှိုက်လာပြန်သည်ကြောင့် ခေါင်းကို ဘယ်၊ ညာ ခါယမ်းလိုက်သောအခါ ထိုလူသည် မိမိ ရုန်းကန်နေသည်ကို
စိတ်တိုလာသည့်နှယ် ရိုက်နှက်လာကာ
လည်ပင်းကိုလည်း လက်တစ်ဖက်ဖြင့် ဖိညှစ်ထားပြီး နှုတ်ခမ်းကိုလည်း ခုနကထက် ပိုကြမ်းတမ်းသော အရှိန်ဖြင့် ကိုက်ခဲလာတော့သည်။

အရိုက်နှက် ခံလိုက်ရသည်ကြောင့် ရုန်းကန်ချင်သေးသော်ငြား မရုန်းကန်နိုင်တော့။ထို့ကြောင့် ထိုလူသည် အခွင့်ကောင်းကို ရသွားသည့်နှယ် သူ့ ခန္ဓာကိုယ်အောက်ပိုင်းကို အကြမ်းပတမ်း ထိတွေ့ ကိုင်တွယ်လာတော့သည်။ထို့အတူ နှုတ်ခမ်းကို ကိုက်ခဲရုံမက လည်းပင်းနှင့် ညှပ်ရိုးတို့ကိုပါ ကိုက်ခဲလာပြန်တော့သည်။

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now