Ep.40

18.5K 1.3K 52
                                    

Unicode

Ep.40

"နောက်နေ့မှ သွားပါလား သက်ငယ်ရယ်။
နေလည်း ကောင်းသေးတာမဟုတ်ဘူး...."

"ဟင့်အင်း ဒီနေ့ပဲသွားချင်တာ။ခလေးငယ်ကို အရမ်းလွမ်းနေပြီး...."

'ကြည့် ပြောမရဆိုမရလေး'

ညအိပ်ချိန်တွင် အဖျားတက်လာသည်ကြောင့် ညကြီးအချိန်မတော် ဆရာဝန်ဆီ ဖုန်းဆက်နှိုးကာ ဆေးထိုးထားရသည်။ယခုလည်း ကောင်းကောင်း မထိုင်နိုင်သေးဘဲ သမီးငယ်ဆီ သွားမယ်တကဲကဲလုပ်နေပြန်ပါသည်။

ဆေးထိုးတယ်လို့သာ ပြောရတာ။တကယ်တကယ့်မှာတော့ ခလေးလေးတွေလို အော်ငိုနေသည်ကြောင့် ခလေးတွေထည့်သည့် ဂြိုလ်တုဆေးတောင့်
(Suppository)လေးသာ ထည့်ခဲ့ရသည်။
.
.
ညနေပိုင်းတွင် နှစ်ယောက်သားလုံးသည် ပင်ပန်းနေခဲ့သမျှကို မေ့ပစ်ကာ အစောကြီး အိပ်ပျော်သွားခဲ့ကြသည်။သို့သော် အိပ်မောကျနေတုန်း ညည်းညူသံကြားလိုက်ရသည်ကြောင့် ကောင်းကင်မှာ အိပ်ချင်မူးတူးဖြင့် နိုးလာရတော့သည်။နိုးလာသည်နှင့် အသံလားရာကို သေချာကြည့်လိုက်သောအခါ ညည်းညူနေသူမှာ ရင်ခွင်ထဲမှ ချစ်ရသူ အသည်းအသက်လေးဖြစ်ကြောင်း သိလိုက်ရသည်။

တစ်ကိုယ်လုံးသည်လည်း ပူကျစ်တောက်နေကာ ချွေးစေးတို့ကလည်း စိုရွှဲနေလေသည်။ကောင်းကင်ဘက်က ဘယ်လောက်ပဲ ခေါ် ပြီးနှိုးနေပါစေ သက်ငယ်သည် ညည်းသံတွေသာ အဆက်မပြတ်ထွက်ပေါ်လာကာ သတိလည်မလာပေ။

ကောင်းကင်မှာ ဘာလုပ်ရ ဘာကိုင်ရမှန်းပင် မသိတော့။အရေးကြုံလာလျှင် အမြဲတမ်း ထက်မြတ်နေသည့် ဦးနှောက်သည်လည်း ယခုအချိန်မှာ အလုပ်မလုပ်တော့။အတော်ကြာအောင် တွေးပြီးတော့မှသာ ဆရာဝန်ဆီ ဖုန်းဆက်ခေါ်ဖို့ကို သတိရတော့သည်။

ချွေးများနှင့် စိုရွှဲနေသည့် သက်ငယ်ကို ဆရာဝန်ရောက်မလာခင် ရေပတ်တိုက်ပေးကာ အဝတ်လဲပေးလိုက်သည်။ထို့နောက် တတ်သလောက် မှတ်သလောက်ဖြင့် နဖူးပေါ်သို့ ရေစိုဝတ် တင်ပေးလိုက်သည်။

ရေပတ်တိုက်ပြီး ဆယ့်ငါးမိနစ်လောက်အကြာမှာပင် သက်ငယ်က သတိပြန်လည်လာတော့သည်။

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now